Part 50

1K 162 7
                                    

အပိုင်း (၅၀)

ကျန်းကျိရင်နှင့် ရှန်းရှီတို့သည် ကားထဲသို့ ဝင်သွားပြီး စခန်းအမှတ်သုံးမှ ညီအစ်ကိုများကို ဖမ်းထားသည်ဆိုသော လမ်းနံပါတ်ဆယ့်လေး စက်မှုအဆောက်အဦးထံသို့ သွားကြသည်။ စခန်းအမှတ်သုံးတွင် အစောင့်သဘောမျိုး ကျန်ခဲ့သော လူရှစ်ယောက်ပါ အဖွဲ့တစ်ဖွဲ့ရှိနေသေးပြီး ကျန်သူများကတော့ စခန်းအမှတ် ခုနှစ်ကဲ့သို့ ထွက်ခွာသွားကြပြီဖြစ်သည်။

ရှန်းရှီနှင့် ကျန်းကျိရင်တို့ သူတို့ကို ကူညီရန် လိုက်ပါမည်ကို ကြားပြီးနောက် သူတို့အားလုံး၏ အမူအယာများက အလွန် ကျေးဇူးတင်သွားသည့် အမူအယာများ ဖြစ်သွားသည်။

မြေအောက်ဓာတ်ခွဲခန်း အတွင်းသို့ သွားသော သတ္ထုနက်တံခါးကြီးကား ယခုတွင်တော့ လက်ကမ်းကြိုဆိုနေသလို ပွင့်နေလေပြီ။ ဤနေရာသည် အတွင်းထဲတွင် မည်သူမှ ရှိမနေသကဲ့သို့ အလွန်တိတ်ဆိတ်နေခဲ့သော်လည်း အာရုံခံ ကိရိယာများကတော့ ယခုအချိန်အထိ တာဝန်ကျေစွာ အလုပ်လုပ်နေဆဲဖြစ်ကာ ဤအဖြစ်များအားလုံးကား ရိုးရှင်းမနေကြောင်း ပွင့်နေသော တံခါးကို ကြည့်ရုံနှင့်သိနိုင်သည်။

ထို့အပြင် လွန်ခဲ့သော တစ်နာရီခန့်က သူတို့ကို သတင်းပို့လာသော အသေခံတပ်သားအဖွဲ့သည်ကား ဘယ်သောအခါမှ ပြန်လာနိုင်တော့မည် မဟုတ်ကြောင်း ပို၍ သေချာသွားသည်။

ရှန်းရှီနှင့် ကျန်းကျိရင်တို့အား နောက်ဆုံးမှ လိုက်စေခဲ့သည်။ ရှန်းရှီသည် ကျန်းကျိရင်နောက်နားသို့ တစ်လှမ်းခန့်ချန်၍ လျှောက်လာပြီး လက်ကို လှမ်းကိုင်လိုက်သည်။

"ကိုယ့်နောက်လိုက်ခဲ့ လမ်းမပျောက်သွားစေနဲ့"

သူက နူးညံ့စွာ ပြောသည်။

အထူးအခြေအနေအောက်တွင် ရှန်းရှီတစ်ယောက် သာမန်မဟုတ်သည်ကို ကျန်းကျိရင် သိသည်။ နည်းနည်းရှက်တက်တက်ခံစားသွားရသော်လည်း သူ့လက်ကို အုပ်ကိုင်ထားသော ခပ်ကြီးကြီး လက်ဖဝါးကို ရုန်းမထွက်ပစ်နိုင်ခဲ့သည်မှာ ဘာကြောင့််ရယ်တော့ မသိပေ။

အကူအညီတောင်းရန် နောက်သို့ လှည့်ကြည့်လိုက်သော စခန်းအမှတ်သုံးမှ ညီအစ်ကိုများကား လက်ထောက်မန်နေဂျာက သူတို့နှင့် လိုက်မည်ဆိုတုန်းက အဘယ်‌ေကြာင့် စခန်းအမှတ်ခုနှစ်မှ လူများအားလုံးက ကပ္ပတိန်ကျန်းကိုသာ ကြည့်နေကြသည်ကို ရုတ်တရက် နားလည်သွားသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now