Part 13

1.8K 347 11
                                    

Unicode
အပိုင်း (၁၃)  ဒါကို တိုင်တယ် လို့များ ခေါ်မလားနော် 

လေ့သွမ့် ခေါင်းညိတ်လိုက်ပြီး မကြာခင်တွင် ကျန်းကျိရင် ရှေ့မှ ပျောက်သွားတော့သည်။ ကြည့်ရသည်မှာ ဒေါက်တာဝိုင်သည် သူ၏ လက်အောက်ငယ်သားအားလုံးကို တစ်နေရာမှ တစ်နေရာသို့ မြန်မြန်ဆန်ဆန် သွားလာနိုင်ရန် တယ်လီပို့ပစ္စည်းတစ်မျိုးမျိုး တပ်ဆင်ပေးထားပုံပေါ်သည်။ 

အစာကွင်းဆက်၏ သက်ရှိထင်ရှား ဘုရင်ကြီးတစ်ပါးဖြစ်သော ဒေါက်တာဝိုင်သည် သူဆိုသော မြက်ပင်လောက်တောင် မထင်ရှားသည့် ကျန်းကျိရင် အလိုရှိတိုင်း သွားစနိုင်သော ဂိမ်း ဓာတ်ခွဲခန်းထဲတွင် ငြိမ်ငြိမ်လေး ရပ်နေတတ်သည့် ပုံရိပ်တု မဟုတ်ပေ။ ကျန်းကျိရင် တွေးရင်း တွေးရင်း နံရံနှင့် ခေါင်းနှင့် ဆောင့်ဆောင့်ပြီးသာ သေလိုက်ချင်သည်။ 

သူတော့ ဤကမ္ဘာတွင် ဆက်နေ၍ မဖြစ်တော့ဟု ခံစားမိနေပြီ။ ကျန်းကျိရင် နောက်ကျိနေသော စိတ်အစဉ်ဖြင့် ဂူထဲသို့သာ ပြန်လိုက်တော့သည်။ တိတ်ဆိတ်စွာ တွေးတောနေရင်း ဂူနံရံကို မျက်နှာမူ၍ ကုတ်ကုတ်လေး ထိုင်နေလိုက်သည်။ 

ဤကမ္ဘာသစ်ဆီသို့ သူရောက်ရောက်လာချင်းကတည်းက သူသည် မြေစာပင်ဖြစ်နေပြီးပြီ ဤကမ္ဘာ၏ ထိပ်ဆုံးမှ ဗီလိန်ကိုမှ သူက သွားဖွင့်ပြောခဲ့သည်ပင်။ 

‘ဘယ်ဘက်က တွေးတွေး မကောင်းဘူး...’ 

အဖြေမရှာနိုင်သေးသော ကျန်းကျိရင်လေးမှာ ကမ္ဘာအစစ်သို့ ပြန်ပို့ခံလိုက်ရသည်။ သူသည် ကမ္ဘာအစစ်တွင် နေ့စဉ်လုပ်မြဲအတိုင်း မနက်စာစားသည်။ အလုပ်သွားသည်။ နေ့လည်စာစားသည်။ အလုပ်ဆက်လုပ်သည်။ အလုပ်ဆင်းသည်။ အိမ်ပြန်သည်။ ဒီအတိုင်းသာ လုပ်နေကျအတိုင်း ဆက်လုပ်သွားသည်။ ညနေအိမ်ပြန်ချိန်တွင် တာ့ကျားထံမှ ဖုန်းဝင်လာသည်။ 

“ဝေ ကျိရင် ငါတို့တွေ ညနေကျရင် လုပ်ဖော်ကိုင်ဖက်တွေ အများကြီးနဲ့ မိတ်ဆုံစားပွဲရှိတယ် လာမလား ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူတို့ရဲ့ အတန်းဖော်တစ်ချို့ကို ဖိတ်ခဲ့မယ်ပြောတယ်ကွ သူတို့တွေက မိန်းကလေးတွေတဲံ” 

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now