Unicode
အပိုင်း (၂) Farming
တိုးတက်လာသော ခေတ်နှင့်အတူ နည်းပညာတို့ကလည်း အရှိန်အဟုန်နှင့် တိုးတက်လာနေပြီး ကူးပြောင်းခြင်းလုပ်ငန်းစဉ်တို့ကလည်း အချိန်နှင့်အမျှ တိုးတက်လာသည်။ သို့သော် မပြည့်စုံသော အချက်အဘက်တို့ကြောင့် ကူးပြောင်းသူ ခုနှစ်ဆယ် ရှစ်ဆယ်ရာခိုင်နှုန်းလောက်မှ ကားတိုက်ခံရပြီး ကူးပြောင်းခဲ့ရသည်။
သူတို့ထဲမှ အများစုမှ နိုးလာသည်နှင့် မရင်းနှီးသော အခန်းတစ်ခုတွင် ရှိနေသည်ကို တွေ့ရပေလိမ့်မည်။
ကျန်းကျိရင်တစ်ယောက် ကားတိုက်ခံရပြီး နိုးလာချိန်တွင် သူသည် မရင်းနှီးသော အခန်းတစ်ခုထဲ ရောက်နေသည်ကို သိလိုက်သည်။ မရင်းနှီးဘူးဟု ပြောလျှင်လည်း လုံးလုံး မမှန်ပေ။ အခန်းအပြင်အဆင်သည် သူ့အတွက် တော်တော်လေး ရင်းနှီးနေသည်။ - ရှုပ်ပွနေသော စာကြည့်စားပွဲ၊ ခြေထောက်တစ်ဖက်မရှိသော ခွေးခြေခုံ၊ CDချပ်အပြည့်နှင့် စင်တစ်စင်၊ ဘာမှန်းမသိသော ပိုစတာတစ်ခု...
စက္ကန့်အနည်းငယ်လောက် ပတ်ဝန်းကျင်ကို လိုက်ကြည့်ပြီးနောက် ရုတ်တရက် ဤနေရာသည် ဇာတ်ကြောင်းစတင်ရာ အခန်းမဟုတ်သည်ကို သိလိုက်သည်။ ကစားသမားများသည် ဂိမ်းထဲသို့ စဝင်ဝင်ချင်းတွင် တိုက်ခန်းသေးသေးလေး တစ်လုံးထဲတွင် ပေါ်လာမည်ဖြစ်ပြီး သူတို့အနေနှင့် ထိုအခန်းထဲတွင် လူသစ်များလုပ်ရမည့် taskများဖြစ်သော “လက်နက်ကိရိယာတပ်ဆင်ခြင်း” နှင့် “အရည်အချင်းများ ဖြည့်စွက်ခြင်း” တို့အပြင် မိမိတို့အခန်းသို့ ဖောက်ဝင်လာသော ဇွန်ဘီနှစ်ကောင်ကို နှိမ်နှင်းရမည်ဖြစ်သည်။
အရံအကောင့်သုံးကောင့် ဖွင့်ထားသော ကျန်းကျိရင်အနေဖြင့် ဤမြင်ကွင်းကို ရင်းနှီးနေတာထက်ပင် ပိုလေသေးသည်။ ကျန်းကျိရင် သစ်သားစာကြည့်စားပွဲကို ထိကြည့်လိုက်သည်။ ယခုအထိ ဤအစစ်အမှန်ဆန်လွန်းနေသော ယုတ္တိမရှိသည့် ခံစားချက်မျိုး ရနေသေးသည်။
‘ငါ... ဘာဖြစ်သွားတာလဲ’
ဤဂိမ်းတွင် ကစားသမားများသည် အခြေခံကျသော ဂိမ်းဇာတ်ကောင် ငါးမျိုး ရွေးချယ်နိုင်သည်။
YOU ARE READING
ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...
Fantasyဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။