Part 36

1.3K 216 5
                                    

36 01

အပိုင်း (၃၆)

ကျန်းကျိရင်သည် တစ်ချိန်လုံး စိတ်လှုပ်ရှားနေသည်။

ယင်ညန် တရားမျှတမှု အဖွဲ့အစည်းထဲသို့ ခြေချပြီး စခန်းထဲသို့ သူ့ကိုယ်သူ အကာအကွယ်မပါဘဲ ဝင်လာခြင်းကို သူ့မှာ အသည်းတယားယားဖြစ်နေသည်။ သူ့ကိုယ်သူလည်း ယင်ညန်ကို စိတ်ပူသည်လား တရားမျှတသည့် လူ့အသိုင်းအဝိုင်းကို စိတ်ပူသည်လား ဝေခွဲမရတော့ပေ။

စိုးရိမ်စိတ်များလွန်ကဲနေသော ကျန်းကျိရင်သည် ရှောင်ကျင်း ကြားခဲ့သော အတင်းအဖျင်းပေါင်းစုံကို သေချာနားထောင်တော့သည်။ လိကျွင်းဆီသို့ လူနာမေးသွားပြီး ပြန်လာပြီးနောက် မသိချင်ယောင်ဆောင်၍ ရှောင်ကျင်းကို မေးလိုက်သည်။

"ရှောင်ကျင်း မင်း ဒေါက်တာယင်အကြောင်း ဘယ်လောက်သိလဲ"

ရှောင်ကျင်းက အလွန်ကို ပျော်ပျော်ကြီး ပူးပေါင်း၍ ဒေါက်တာယင်၏ ဘဝအကြောင်းကို သိသလောက် အကုန် ဖောက်သည်ပြန်ချတော့သည်။

ဒေါက်တာယင်သည် ငယ်စဉ်ကတည်းက ပါရမီရှင်လေး တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရကြောင်း....

ဆုများ မရေမတွက်နိုင်အောင် ရခဲ့ကြောင်း....

ဆယ့်လေးနှစ်တွင် ကမ္ဘာပျက်ကပ်စတင်လာရာ နာမည်ကြီး ဓာတ်ခွဲခန်းသို့ ဝင်ခွင့်ရခဲ့ကြောင်း.....

ဒေါက်တာဝိုင်သည်လည်း ထိုဓာတ်ခွဲခန်းမှလူဖြစ်သည်ဟု ဆိုသည်။ သူသည် ဓာတ်ခွဲခန်း W တွင် ဝိုင် နှင့် တန်းတူး ကျော်ကြားပြီး အရည်အချင်းရှိသူဟူ၍ နာမည်ကြီးသည်။ သို့သော် သူတို့၏ အတွေးအခေါ်များက အမြဲတမ်း မတူကြသောကြောင့် နှစ်ယောက်သား အတူတော့ အလုပ်မလုပ်ဖူးကြပါဘူးဟု ပြောကြသည်။

နောက်ပိုင်း ကမ္ဘာပျက်ကပ်ဆိုက်လာသောအခါတွင် သူတစ်ဦးတည်းသာ ဓာတ်ခွဲခန်းမှ လွတ်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်များ ဆက်၍ ရပ်တည်နိုင်မည့် အရေးကြီးကာ အသုံးဝင်သည့် နည်းပညာများကို ယူလာနိုင်ကာ ဇွန်ဘီများနှင့် ကပ်ဆိုးဗိုင်းရပစ်ကို ဖျက်ဆီးနိုင်မည့် သော့ချက်ကို ဖော်ထုတ်နိုင်မည့် မျှော်လင့်ချက်ဟု သူ့ကို လူများက သတ်မှတ်လာကြသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now