အပိုင်း (၄၇)
ကျန်းကျိရင်ကို နယ်မြေရှင်းလင်းရေးတွင် ပါဝင်ရန် အကူအညီလာတောင်းသော ညီငယ်လေးတွင် ဖုန်းဟော်ကုချန် ဟူသော အာဏာရှင်ဆန်သည့် နာမည်ရှိသည်။ ဂိမ်းထဲတွင် သူသည် မီးစွမ်းအားရှင်တစ်ယောက်ဖြစ်ပြီး သူ၏ အိုင်ဒီသည်လည်း "ဖုန်းဟော်ကုချန်" ဖြစ်သည်။ ကြည့်ရသည်မှာ ဤနာမည်ကို တစ်ခြားသော အမျိုးသား ကစားသမားများ ယူမသွားစေရန်အတွက် ဂိမ်းတွင် အစောကြီးထဲက ရီဂျစ်စတာ သွားလုပ်ထားပုံရသည်။
ကျန်းကျိရင်သည် သူ့ကို လိုက်မည်ဟု ပြောလိုက်သည်နှင့် အဖွဲ့တစ်ခုအတွင်း အသွင်းခံလိုက်ရသည်။ အဖွဲ့ထဲတွင် လူအယောက်နှစ်ဆယ်ရှိသည်။ ဖုန်းဟော်ကုချန် အပါအဝင် တော်တော်များများမှာ သူနှင့်သိသော လူများဖြစ်သည်။ ဤအဖွဲ့ကို ဖုန်းဟော်ကုချန်သည် သူ၏ သူငယ်ချင်းများနှင့် ဆွေမျိုးများဖြင့်သာ ဖွဲ့ထားဟန် တူသည်။
နှစ်မိနစ်အတွင်း ဖုန်းဟော်ကုချန် နယ်မြေတာဝန်ကို ဖွင့်လိုက်သည်။ ကျန်းကျိရင် သိပ်ပြီး မကြည့်လိုက်မိဘဲ "နယ်မြေထဲသို့ တိုက်ရိုက် ပြောင်းရွှေ့လိုပါသလား" ဟူ၍ ပေါ်လာသော dialog box တွင် yes ကို တန်းနှိပ်လိုက်သည်။
ခနလောက်ကြာပြီးနောက် ကျန်းကျိရင် နယ်မြေအတွင်းတွင် ရောက်သွားသည်။
လှေကားလက်ရန်းများ၏ မူလအရောင်များက မှိန်ကျနေသည်။ ပျက်စီးနေသော မြန်နှုန်းမြင့်တိုးဂိတ်၊ ကျယ်ဝန်းပြီး လစ်ဟာနေသော လမ်းမ (သရီးဒီဂိမ်း စခရင်အဖြစ်သို့ ပြောင်းလဲသွားလျှင်တောင်) အားလုံးက သူနှင့် အလွန်ရင်းနှီးနေသည်။
ကျန်းကျိရင် သူ့ဘေးကို လှည့်လိုက်ရာ အဆင့်မြင့် မီးချပ်ဝတ်ကို ဝတ်ဆင်ထားပြီး တောင်ပုဆိန်တစ်ခုကို ဝေ့ယမ်းနေသော ဖုန်းဟော်ကုချန်ကို တွေ့လိုက်ရသည်။ သူသည် စိတ်ကူးယဉ်ဂိမ်း၏ နောက်ရာစုနှစ် ဆိုသည့် ဝတ်စုံကို ဝတ်ဆင်ထားပုံရသည်။
"ဖုန်းဟော် ဒီနယ်မြေက ဘယ်လိုမျိုးလဲ"
"မုဝေါမြို့နယ်မြေတဲ့ သူ့ကို ပျောက်ဆုံးနေတဲ့ နယ်မြေလို့လဲ ခေါ်တယ်"
ESTÁS LEYENDO
ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...
Fantasíaဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။