အပိုင်း (76)
ကျန်းကျိရင်က ယင်ညန်အား သောက်ကျိုးနည်းဆိုသော အမူအယာမျိုးဖြင့် ကြည့်လိုက်သည်။ အပြင်လူများ၏ အမြင်တွင်မူ ထိုမျက်နှာထားက အမှန်တရားကို သိလိုက်ရသောကြောင့် မယုံကြည်နိုင်ဖြစ်သွားသော မျက်နှာထားမျိုး ဖြစ်သွားသည်။
စန်းလဲ့က အားခုန်း၏ အနားသို့ နီးကပ်သွားပြီးနောက် ခါးသည်းသော မျက်နှာထားမျိုးပြသည်။
"ခုန်းကျဲ ငါမကောင်းတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးကို ဖန်တီးလိုက်မိတာလား"
အားခုန်းက ခေါင်းညိတ်သည်။
"ဟုတ်လောက်တယ်"
အားမူက ပို၍ တိုက်ရိုက်ကျလေသည်။ သူက ထိုစကားကို ကြားလိုက်ရချိန်တွင် ပထမဦးဆုံး တုံ့ပြန်လာသည်မှာ....
"ဒါက ဒေါက်တာဝိုင်ရဲ့ဆေးလား၊ ဒါဆိုရင် ခေါင်းဆောင်တစ်ခုခု ဖြစ်နိုင်လား၊ ဒေါက်တာယင်မှာ ဖြေဆေးများ မရှိဘူးလား"
ယင်ညန်က သူ့ကိုကြည့်ပြီး မျက်လွှာကို ချလိုက်သည်။
"မစိုးရိမ်ပါနဲ့၊ ဝိုင်က လူကောင်းမဟုတ်တာမျိုး ဖြစ်နိုင်ပေမဲ့ သူဘယ်တော့မှ ကျိရင်ကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး၊ ဒါပေမဲ့ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောမိစေနဲ့၊ အတိတ်က ကိစ္စဆိုပေမဲ့လည်း ဝိုင်နဲ့ ပတ်သက်လာတဲ့အခါ ကျိရင်အတွက် မကောင်းနိုင်ဘူး"
ရှောင်းကျင်း၏ စိတ်ထဲ အတွေးတစ်ခုက ဝင်လာသည်။ သို့သော် ခပ်မြန်မြန် မြုပ်နှံလိုက်သည်။
ကျန်းကျိရင်က ယင်ညန်၏ အနောက်မှ လိုက်ကာ အခန်းထဲသို့ ပြန်သွားသည်။
အခြေအနေက မကောင်းကြောင်းမြင်သောအခါ ယင်ညန်က ချက်ချင်းလိုလို ကြောင်လေးအဖြစ် ပြောင်းလိုက်ပြီး တဖြည်းဖြည်းချင်း လျှောက်သွားကာ အိပ်ရာပေါ်သို့ ခုန်တက်သည်။ ထို့နောက် ယင်ရှောင်းရှန်းကို မြေပြင်ပေါ်သို့ တွန်းချလိုက်ပြီး သူကမူ အိပ်ရာခေါင်းရင်းပိုင်းတွင် မာနတစ်ခွဲသားဖြင့် ဝင်ထိုင်သည်။
မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည် ယင်ရှောင်းရှန်းက သနားစဖွယ်လျှောက်လာပြီးနောက် ကျန်းကျိရင်၏ ခြေထောက်လေးကို ပွတ်သပ်သည်။
YOU ARE READING
ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...
Fantasyဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။