အပိုင်း (85)
ကျန်းကျိရင်က မနက်ဖြန်လောကတွင် နိုးလာသောအခါ ကားက ရပ်နေသည်။ သူတို့က ဟိုင်းဝေးနေရာတွင် ရပ်နေခြင်းဖြစ်ပြီး အဖိုးကြီးကျူးကလည်း သူတို့က နောက်ထပ်ရှေ့သို့ ၂ကီလိုမီတာခန့် ဆက်မောင်းသွားလျှင် ကျဆုံးခြင်းမြို့၏ လူများနေထိုင်ခဲ့သော နေရာသို့ ဝင်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောနေသည်။
လေထဲတွင်ပင် ဖုတ်ကောင်များ၏ ရနံ့က သိပ်သည်းလွန်းသည်။ သို့သော် မမျှော်လင့်ထားစွာပင် သိပ်သည်းစွာ တည်ရှိနေသည့် ဖုတ်ကောင်များ၏ အရေအတွက်က အလွန်နည်းပါးနေသည်။ မည်သို့ပင်ဆိုစေ ထိုနေရာက ယွင်မိသားစုမှ အဖေနှင့်သား ၂ယောက်လုံးကို ဆွဲဆောင်နေကတည်းက ထူးခြားချက် တစ်စုံတစ်ရာ ရှိနေရပေမည်။ ထို့အတွက်ကြောင့် ထိုအရာက သူတို့၏ မျှော်လင့်ထားမှုကို ကျော်လွန်နေခြင်း မရှိချေ။
အနီးနားတွင် ဂတ်စ်ဌာနရှိသည်။ ကျန်းကျိရင်နှင့် လူခြောက်ယောက်က မြို့ထဲသို့ အလျင်စလို မဝင်ခဲ့ချေ။ ထို့ကြောင့်သူတို့က ထိုနေရာကို သူတို့၏ ယာယီလုံခြုံသော အနားယူရာနေရာအဖြစ် သတ်မှတ်ထားလိုက်ကြသည်။ ထိုဂတ်စ်ဌာနအတွင်းတွင် ဖုတ်ကောင် ၇ကောငြ ၈ကောင်ခန့်က ဟိုနေရာ ဒီနေရာ သွားနေကြသည်။ သို့သော် ဘယ်သူကမှ အဆင့်၄ မကျော်ချေ။ ထို့ကြောင့် လျင်မြန်စွာ ကိုင်တွယ်နိုင်လေသည်။
Epicအဆင့် နယ်မြေတွင် စိတ်စွမ်းအားနှင့်ရှောင်ကျင်းက အဖွဲ့ကို ထောက်ပံ့ပေးရန် ရှိနေသဖြင့် နောက်တန်းတွင် စိတ်စွမ်းအားဖြင့် ထောက်ပံ့ကူညီပေးမှုကို လုပ်နိုင်နေလေသည်။ သူ၏ဒဏ်ရာများကလည်း မပြင်းထန်ချေ။ ဒီတစ်ကြိမ်တွင် ကျန်းကျိရင်က သူ့ကို ရွေးချယ်လိုက်ပြီး ဒီတာဝန်အတွက် ခေါ်ဆောင်လာခဲ့သည်။
ထိုဝက်ဝံလိုကလေးကြီးက သာမန်အခြေအနေများတွင် ဘယ်သောအခါကမှ အကင်းမပါးချေ။ သို့သော် သူက လေ့ကျင့်မှုကို လက်ခံပြီးကတည်းက အရေးကြီးသော အခြေအနေမျိုးတွင် ဘယ်သောအခါကမှ ချိတ်ဆက်မှုမလွတ်သွားခဲ့ချေ။ တိုက်ပွဲပေါင်းများသွာကို ကျော်ဖြတ်ခဲ့ပြီးသောအခါ ကြွယ်ဝသော အတွေ့အကြုံများရှိပြီး တုံ့ပြန်မှုမြန်ဆန် ထက်မြတ်သည့် စိတ်စွမ်အား ပိုင်ဆိုင်သည့် အသုံးပြုသူဟု ခေါ်ဆိုနိုင်နေလေပြီ။ သူ၏ မွေးရာပါ ပါရမီက ကောင်းမွန်ပြီး လက်ရှိအချိန်တွင် သူက အဆင့်၇သို့ ရောက်သွားပြီဖြစ်သည်။ အသင်းကို နေရာချပြီးနောက် ရှောင်ကျင်းက သီးသန့်စွာဖြင့် တစ်ဖက်သို့သွားကာ ထိုင်ချလိုက်သည်။ သူက သူ့ကို ကျန်းကျိရင်က ညွှန်ကြားရသေးခြင်းမရှိပဲ သူက သူ့ဘာသာသူ စတင်ကာ သူ၏ စိတ်စွမ်းအားဖြင့် တစ်မြို့လုံးကို scanဖတ်သည်။
YOU ARE READING
ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...
Fantasyဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။