Unicode
အပိုင်း (၁၁) လက်စွပ်“ဒီနေ့ ကျွန်တော် လူဆိုးတစ်ယောက်နဲ့တွေ့ခဲ့တယ် သိလား သူက ကျွန်တော့်ကို သေအောင်လုပ်တာ ဒါပေမဲ့ အဆင်ပြေပါတယ် ကျွန်တော် သူ့ကို ကျွန်တော့်နည်းကျွန်တော့်ဟန်နဲ့ ပြန်ပေးဆပ်ခိုင်းမှာ”
“ကျွန်တော်တို့ နေ့လည်စာကို ခေါက်ဆွဲကြော်စားကြမယ် ခင်များလဲ ကြိုက်မယ်လို့ ထင်တယ်...”
ပုံမှန်အတိုင်းပင် ကျန်းကျိရင် ဒေါက်တာဝိုင်အား ဆက်တိုက် အဆက်မပြတ် တစ်ဖက်သတ် စကားပြောတော့သည်။ ထို့နောက် သူသည် အခြားတစ်ဖက်ခြမ်းတွင် အသက်ရှင်နေထိုင်ရန် စတင်၍ တွေးရတော့သည်။ နဂါးမျိုးတုန်းချိုင့်ဝှမ်းမှ ထွက်မည်ဆိုလျှင် အနည်းဆုံး လယ်ဗယ် ငါးဆယ်ရှိမှသာ ဖြစ်မည်။ သူ၏ လက်ရှိအဆင့်ကလေးဖြင့် မွန်းစတားများကို သွားစဖို့ သူ့အတွက် မလွယ်သလို လယ်ဗယ်တက်ဖို့ မဖြစ်နိုင်ပေ။ အကြောင်းမှ လယ်ဗယ်တက်ဖို့ မွန်းစတားများကို သွားဖိုက်ရမည် ဖြစ်သောကြောင့်တည်း။
သို့သော် အကယ်၍ သင်၍ လယ်ဗယ်သာ မလုံလောက်သေးလျှင် ဂိမ်းမှ သင့်ကို ကိရိယာများသုံး၍ စွန့်စားနိုင်မည့် အခွင့်အရေးပေးထားသည်။ ကျန်းကျိရင်သည် အကယ်၍ သူသာ နတ်ဘုရားအဆင့် လက်နက်ကိရိယာများ ဝတ်ဆင်ထားလျှင် တိုက်ခိုက်နိုင်လောက်သည်ဟု တွေးမိသည်။
ဂိမ်းတွင် တကယ်ကြီး အဆင့်သတ်မှတ်ချက်များ ကန့်သတ်မထားဘဲ သုံးနိုင်သော “နောက်ဆုံးသောနေ့ရက်များမှ သစ္စာတရား” ဟူသည့် နတ်ဘုရားဝတ်စုံအဆက်လိုက် Item တစ်ခု ရှိလေသည်။ ဤကိရိယာအစုံလိုက်၏ အထူးခြားဆုံးသော အချက်မှာ ကစားသမားများ ကိုယ်တိုင် ပစ္စည်းပေါင်းစုံဖြင့် လိုအပ်သလို အဆင့်မြှင့်၍ ရခြင်းပင် ဖြစ်သည်။ ယခု ဂိမ်းထဲတွင် အဆင့်မြင့်ဆုံးသော ကစားသမားမှာ လယ်ဗယ် ရှစ်ဆယ် ဖြစ်သည်။
နတ်ဘုရားဝတ်စုံကို လယ်ဗယ် ရှစ်ဆယ်ထိ ရောက်ရန် အနည်းဆုံး ယွမ်သုံးသောင်းမှ မသုံးလျှင် မရောက်နိုင်ဟု ဆိုကြသည်။ထို့အပြင် ဤယွမ်သုံးသောင်းဆိုသည်မှာ အဆင့်မြှင့်တင်မှုတို့၏ အမျိုးမျိုးသော ကျရှုံးနိုင်သည့် ရာခိုင်နှုန်းတို့ မပါသည့်အပြင် ထိုကျရှုံးမှုသည် သင့်တွင် ရှိသော အားအကောင်းဆုံးနှင့် အရည်အသွေးအမြင့်ဆုံး Item တစ်ခုကို သုံး၍ အဆင့်မြှင့်ချိန်လည်း ဖြစ်သွားနိုင်သည်။
YOU ARE READING
ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...
Fantasyဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။