အပိုင်း (၄၃)
ကျန်းကျိရင် အခန်းဆီသို့ ပြေးလာကာ တံခါးကို ပိတ်လိုက်သည်။ သူ့ဘဝကြီးက အရမ်းကို ထူးဆန်းလွန်းနေပြီဟု ခံစားရသည်။ သူကဲ့သို့ ၁.၇၉မီတာရှည်သော ယောက်ျားရင့်မာကြီး တစ်ယောက်က ဤသို့သော အဖြစ်မျိုး ကြုံရလိမ့်မည်ဟု လုံးဝ မတွေးမိဖူးပေ။
လောင်ကျူနှင့် တာ့တောက်တို့မှာ သူနှင့် ရှန်းရှီတို့ စကားပြောကြသည့် ရလဒ်ကို စောင့်နေကြသည်။ သူတို့၏ ကပ္ပတိန်တစ်ယောက် အိုးဖင်လို မည်းမှောင်နေသော မျက်နှာနှင့် ဝင်လာသည်ကို ကြည့်ပြီး သက်ပြင်းသာချလိုက်မိတော့သည်။ အဖွဲ့ကို ဦးဆောင်နေချိန်တွင် သူတို့ကပ္ပတိန်၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန်ကောင်းပြီး ခေါင်းအေးအေးထားကာ ဆုံးဖြတ်စီမံနိုင်သော်လည်း ကပ္ပတိန်သည် ငယ်ရွယ်သေးပြီး မရင့်ကျက်သေးသည်ကတော့ အမှန်ပင်။
အဆက်အသွယ်များနှင့် ပတ်သက်ပြီး သူတို့ကို အားကိုးရန်မှာ သူတတ်နိုင်သော အရာမဟုတ်ပေ။
ကျန်းကျိရင် ခနလောက် တွေးလိုက်ပြီး လောင်ကျူကို မေးလိုက်သည်။
"ကျွန်တော်တို့တွေ နောက်ထပ် တပ်စခန်းတစ်ခုကို ပြောင်းသွားကြရင်ရော"
လောင်ကျူမှာ ရုတ်တရက် ဘာဖြစ်သွားမှန်း မသိလိုက်ပေ။ ကပ္ပတိန်၏ သစ်သားကျောက်တုံး သွားတောင်းခြင်းက မအောင်မြင်လာဘဲ ရှန်းရှီနှင့် စကားအခြေတင်ဖြစ်ကြပြီး ပြန်လာသောကြောင့်သာ ဤနေရာတွင် အလုပ်ဆက်လုပ်ချင်စိတ်မရှိတော့သည်ဟုသာ ခန့်မှန်းမိသည်။
လောင်ကျူသည် အမြဲတမ်း တည်ငြိမ်သည့်သူ တစ်ယောက်ဖြစ်သည်။ ရှေ့တန်းစခန်းများကို လွယ်လွယ်လေး ပြောင်းလို့ရွှေ့လို့မရသည်ကို သူသိပြီး ကျန်းကျိရင်ကို နှစ်သိမ့်ဖျောင်းဖျဖို့ ကြိုးစားသည်။
"စကားအခြေတင်ဖြစ်တာတို့ စကားများတာတို့က ဘယ်နေရာမှာနေနေ ကြုံရမှာပါပဲ ကပ္ပတိန် ဒီမှာပဲ ဆက်နေပြီး အခြေအနေတွေကို လေ့လာကြည့်ပါဦး သစ်သားကျောက်တုံးအတွက်ကတော့ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားကြတာပေါ့ ကျွန်တော်တို့ အဲဒီကျောက်တုံး မရနိုင်ဘူးဆိုတာလည်း မသေချာသေးပါဘူး"
YOU ARE READING
ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...
Fantasyဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။