Part 64

852 96 2
                                    

64 01

အပိုင်း (64)

မိုးကြိုးအဖွဲ့နှင့် ယွီဟော်အခြေစိုက်စခန်းတို့က စင်ပေါ်တက်ကာ ပြိုင်ပွဲဝင် တိုက်ခိုက်သလိုမျိုး အနေအထားထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

အထူးသဖြင့် တနင်္လာနေ့နှင့် ဗုဒ္ဓဟူးနေ့တွင် ဖြစ်သည်။ ယွီဟော် အခြေစိုက်စခန်းက အင်္ဂါနေ့နှင့် ကြာသပတေးနေ့တွင် မိုးကြိုးအဖွဲ့ကို တိုက်ခိုက်ပြီး မိုးကြိုးအဖွဲ့ကမူ ယွီဟော်အခြေစိုက်စခန်းကို တိုက်ခိုက်သည်။ သူတို့၏လူများကို တိုက်ပွဲသို့ မစေလွှတ်ခင် အကြောင်းကြားရန်အတွက် အခြားတစ်ဘက်သို့ ဦးဆုံးအော်ဟစ်ကာ သတင်းတို ပို့ပေးတတ်သေးသည်။ သောကြာနေ့နှင့် ပိတ်ရက်များတွင် နှစ်ဘက်လုံးက အနားယူကြကာ ကိုယ့်အဖွဲ့အစည်းကိုယ် ပြန်လည်စုစည်းသည်။

အဖွဲ့ထဲမှ လူတိုင်းကလည်း ပဟေဠိဖြစ်နေကြသည်။ မည်သူကမှလည်း သူတို့က ဒီလိုအခြေအနေသို့ မည်သို့ ရောက်လာကြောင်း မရှင်းပြနိုင်ကြချေ။ သို့သော် ယခုလို ဖြစ်လာသောကြောင့် သူတို့ကိုယ်တိုင်လည်း လျှို့ဝှက်စွာ ကြိတ်ပျော်နေကြသည်။ သူတို့၏ အင်အားကလည်း မသိလိုက် မသိမသာပင် ဆက်တိုက် တိုးတက်လာခဲ့သည်။ ဆုံးရှုံးမှုကလည်း အလွန်ပင် နည်းပါးလေသည်။ လက်ရှိအချိန်တွင် ဒါက သူတို့၏ လက်ရှိအနေအထား ​ဖြစ်​နေသဖြင့် သူတို့အနေနှင့်လည်း ထိုကိစ္စကို ဖြေရှင်းရန် နည်းလမ်း မရှိသေးချေ။

ကျန်းကျီရင်၏ အသင်း၏လက်နက်များကို မြင့်တင်လိုသော အကြံကြောင့် တိုက်ပွဲဝင်စွမ်းအားက တိုးတက်ခဲ့ပြီး လျင်မြန်စွာဖြင့် ချောမွေ့စွာ တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဒီနေ့က စနေနေ့ဖြစ်သည်။ ထို့ကြောင့် အပစ်အခတ် ရပ်စဲသော နေ့လည်း ဖြစ်သည်။ ကျန်းကျီရင်က သူ၏ အသင်းကို ဦးဆောင်ကာ ချောင်ကျောက်သားဂူဆိုသည့် အခြေစိုက်စခန်းအနီ၌ ရှိနေရာသို့ ခေါ်သွားပေးသည်။ ထိုနေရာက အရိုးဖြူဂူနှင့် အတော်လေး တူညီသည်။ ထို့ကြောင့် ကျလာ​​သောပစ္စည်း ဖြစ်သည့် လူထွားဝတ်စုံကလည်း ခုခံခြင်း ကစားသမားများအတွက် အထူးတလည် သင့်တော်လေသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now