Part 8

2.1K 298 2
                                    

Unicode

အပိုင်း (၈) မီးရှူးမီးပန်းများ 

ကျန်းကျိရင် အမှတ်တစ် ကာကွယ်ရေးစခန်း (Base No. 1)ရှိရာ မုလင်မြို့သို့ စစ်တပ်နောက်မှ လိမ်လိမ်မာမာလေး လိုက်သွားခဲ့သည်။ မုလင်မြို့သည် <Tomorrow>၏ အဓိက မြို့တော်ကြီးများထဲမှ ပထမဆုံး တစ်ခု ဖြစ်သည်။ ဂိမ်း၏ အလယ်ပိုင်းနှင့် နောက်ပိုင်းအဆင့်များတွင် ကစားသမားများ အုပ်စုဖြစ်သော မိုးတိမ်မဟာမိတ်တပ်ပေါင်းစု နှင့် တရားမျှတရေးတပ်စု ဖြစ်သော NPCများဖြင့် ဖွဲ့စည်းထားသော အဖွဲ့များက အင်အားကြီးလာကြမည် ဖြစ်သည်။ 

ထို့အပြင် တရားမျှတရေးကို ရှာဖွေကြသော အင်အားစုများ ယခု အမှတ်တစ် ကာကွယ်ရေးစခန်း (Base No. 1)ကဲ့သို့ လူသားအဖွဲ့အစည်း လက်အောက်တွင် စုပေါင်းနေထိုင်သွားကြမည် ဖြစ်သည်။ ထို့အပြင် မိုးတိမ်မဟာမိတ်တပ်ပေါင်းစု လက်အောက်တွင် ဒေါက်တာဝိုင် တည်ရှိရာ မကောင်းဆိုးဝါး အဖွဲ့အစည်းကို နှိမ်နှင်းကြမည် ဖြစ်သည်။ 

သို့သော် ဇာတ်ကြောင်းသည် မဟာမိတ်တပ်ပေါင်းစု တည်ထောင်ကာစပင် ရှိသေးရာ အတော်လေး စောနေသေးသည်ဟု ဆိုနိုင်သည်။ Base No. 1၏ အဓိက taskမှာ လူများကို မထိတ်လန့်နေစေရန် နှစ်သိမ့်ပေး၇◌န် ဖြစ်ပြီး ရှင်ကျန်ရစ်သူများကို တတ်နိုင်သမျှ ကယ်ဆယ်ရန် ဖြစ်သည်။ 

ကျန်းကျိရင်မှာ လိဟွားရှော့ပင်းမောလ်၏ တပ်သားများအစုတွင် တာဝန်ထမ်းဆောင်ပြီး တကယ်မဟုတ်သော အသက်ရှင်ကျန်သူများကို ကယ်ဆယ်နေရာချ လုံခြုံအောင်စစ်ဆေးပေးပြီးနောက် အလွန်ပင်ပန်းသွားပြီး နောက်ဆုံးတွင် အိပ်မောကျသွားတော့သည်။ 

အရေးကြီးသော ဇာတ်ကြောင်းကို ကိုယ်တိုင်ကိုယ်ကျ နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရ၍လည်း ဖြစ်နိုင်သည်။ ဤတစ်ကြိမ် ဂိမ်းကမ္ဘာထဲတွင် သူနေလိုက်သော အချိန်မှာ အလွန်တိုတောင်းလေသည်။ 

ကျန်းကျိရင် alarm မြည်သံကြောင့် နိုးလာသည်။ အိပ်ချင်မူးတူးဖြင့် စာကြည့်စားပွဲတွင် ဝင်ထိုင်မိကာမှ သူ ပြန်ရောက်လာကြောင်း သတိထားမိတော့သည်။ 

‘အား ဘော့စ်ကို ဂွတ်မောနင်း မလုပ်ရသေးဘူး အိုင်းး’ 

အလုပ်မှ အိမ်ပြန်ရောက်သည်နှင့် အိမ်ပါလာသည့် အလုပ်များကို လက်စသတ်လိုက်သည်။ ထို့နောက် ကျန်းကျိရင် လပ်တော့ကို ဖွင့်၍ ဂိမ်း၏ တရားဝင်ဝဘ်ဆိုက်ကို ဝင်ကြည့်တော့သည်။ 

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now