အပိုင်း (၄၅)
ကျန်းကျိရင် ရှန်းရှီထံသို့ လွန်ခဲ့သော အပတ်က အဖွဲ့နှစ်၏ လုပ်ဆောင်ချက်များကို ရီပို့တင်ရန် သွားခဲ့သည်။
"ခုနှစ်လမ်းနဲ့ ဆယ့်တစ်လမ်းကို ရှင်းပြီးပါပြီ နောက်တစ်ဖြတ်အတွယက် ကျွန်တော်တို့ ခုနှစ်လမ်းထဲက အဆောက်အဦးတွေရဲ့ အတွင်းထဲအထိ လိုက်စစ်ဆေးတာမှာပဲ အာရုံစိုက်ထားလို့ရပါပြီ ခုနှစ်လမ်းနဲ့ တစ်ဆယ်လမ်း လမ်းဆုံနားမှာ ဇွန်ဘီတွေ တော်တော်လေးများတဲ့ နေရာတစ်ခု ရှိပါတယ် အဲဒီနေရာကို ရှင်းဖို့ဆို ကျွန်တော်တို့ တပ်ကူလိုနိုင်ပါတယ်...."
ရှန်းရှီသည် ပြောသည်ကို နားထောင်နေမနေ မသိသော်လည်း ပြောနေသည့် သူ့ကိုတော့ တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သည်။ ကျန်းကျိရင်က ပြောသည်။
"ပြောစရာတစ်ခုခု ရှိပါသေးသလား လက်ထောက်မန်နေဂျာ ဘာမှမရှိဘူးဆိုရင် ကျွန်တော့်ကို ခွင့်ပြုပါဦး"
ရှန်းရှီ
"... အမ် မင်းကြိုက်တဲ့လူအကြောင်း ပြောပါဦး"
ကျန်းကျိရင် "........"
ကြောက်စရာကောင်းသော အတွေးတစ်ခုက သူ့စိတ်ထဲ ရုတ်တရက် ပေါ်လာသည်။
'ဒီလူ ငါပြောပြောနေတဲ့ အကြောင်းအရာတွေနဲ့များ ဘော့စ်ကို ကြိုက်သွားတာလား မဟုတ်လောက်ပါဘူး'
သို့သော် ထိုကြောင့်သာ မဟုတ်လျှင် အဘယ့်ကြောင့်များ သူ့ကို ဆက်တိုက် ဘော့စ်အကြောင်း ပြောခိုင်းနေပါမည်နည်း။ သူမပြောသည်ကို ကြည့်ပြီး ရှန်းရှီက ပို၍ အသေးစိတ်ကျအောင် မေးလိုက်သည်။
"ဥပမာ တကယ်လို့ မင်းနဲ့ သူနဲ့ အနာဂတ်မှာ အတူရှိကြပြီဆိုပါစို့ မင်း သူ့အတွက် ညအိပ်ဝတ်စုံကို ဘယ်အရောင်ပြင်ပေးမှာလဲ"
ကျန်းကျိရင် သူ့ကို သံသယကြီးစွာ ကြည့်လိုက်သည်။
"လက်ထောက်မန်နေဂျာ ခင်များ အဆင်ပြေရဲ့လား"
ရှန်းရှီ
"ပြေပါတယ်"
သူက ဒီအတိုင်း သိချင်စိတ်ဖြစ်လာသောကြောင့်သာ အထူးတလှယ် အသေးစိတ် မေးနေခြင်းဖြစ်သည်။
YOU ARE READING
ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...
Fantasyဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။