Part 44

1.3K 198 2
                                    

အပိုင်း (၄၄)

ထိုအချိန်မှစ၍ အဖွဲ့သုံး၏ ကပ္ပတိန်ဖြစ်သူ လျိုကျူသည် ရှန်းရှီနှင့်ကျန်းကျိရင် ဤစက်ဆုပ်စရာ လူနှစ်ယောက်ကို မြင်သည့်အချိန်တိုင်း နှစ်ယောက်သားလက်ဝါးချင်းရိုက်၍ သူ့ကို ဆော်ထည့်လိုက်သည်ဟု တထစ်ကျတွေးကာ မျက်စိဆံပင်မွှေးစူးလာတော့သည်၊

သူ့အထက်မှလူကို ထိုသစ်သားကျောက်တုံး မယူလာနိုင်တော့ကြောင်း မပြောပြနိုင်ပေ။ ထိုသို့ပြောလိုက်လျှင် သူ့တွင် အရည်အချင်းမရှိသည့်ပုံပေါ်သွားပြီး ဘာကိုမှ ကောင်းစွာ မလုပ်နိုင်သည့်ပုံဖြစ်သွားမည်။ ထို့ကြောင့် ပေးလာသော အချက်အလက်များက မလုံလောက်ဟူ၍ အကြောင်းပြချက်ပေးကာ လောလောဆယ် သစ်သားကျောက်တုံး တည်နေရာကို ရှာ၍ မဖြစ်နိုင်ဟုသာ သတင်းပို့လိုက်သည်၊

ထို့နောက်တွင် သူ့ကို ရှာခိုင်းသောလူသည် ရုတ်တရက် သစ်သားကျောက်တုံးကို အာရုံမရတော့သလိုမျိုး သူ့ကို အပြစ်မတင်လာခဲ့ကာ ရကိုရမှ ဖြစ်မည်ဟုလည်း မပြောခဲ့ပေ။

သူ့ကို ဆက်၍ အာရုံစိုက်၍ ဤပြဿနာက ဒီနေရာတွင်ပင် ငြိမ်းသွားလေသည်။ ဤလူသည် အရာအားလုံးကို သဘောထားကြီးစွာဖြင့် သူ၏ ကိုယ်ပိုင်နည်းလမ်းများအတိုင်း ဖြေရှင်းတတ်သည့်ပုံပင်။

တစ်ခြားသူတွေကို ကြည့်စမ်းပါ မင်းကိုယ်မင်း ပြန်ကြည့်လိုက်စမ်း...

လျိုကျူ ရှန်းရှီကို စူးစူးဝါးဝါးကြည့်၍ ကျိတ်ပြီး ဆူဆဲနေတော့သည်။ ရှန်းရှီ တာဝန်တစ်ခုကို ပေးတိုင်းပေးတိုင်း သူသည် အဖွဲ့နှစ်ကို အကျိုးအမြတ်အများဆုံးရနိုင်မည့် တာဝန်ကို ပေးလေ့ရှိပြီး ထိုအဖွဲ့ကို ကြည့်ကြည့်ရန်ဟူ၍ အကြောင်းပြချက်ပေးကာ လိုက်သွားတတ်သည်။

ထို့အပြင် သူရသင့်သည့် အကျိုးအမြတ် ဝေစုကိုလည်း အဖွဲ့နှစ်ကို ပေးတတ်သည်။ အဖွဲ့နှစ်က စားကြသောက်ကြရန် ထွက်သွားလျှင်လည်း လိုက်သွားသေးသည်။ အရင်တုန်းကတော့ နည်းနည်းပါးပါး ဖုံးဖိ၍ နှောက်ယှက်ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ဘဲ ပေါ်တင်လိုက်တော့သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now