98 01
အပိုင်း (98)
ဒေါက်တာဝိုင်၏ အင်အားစုက ရှုံးနိမ့်သွားပြီးနောက် ဒီပုံပြင်က စတင်သည်။ လဲ့တွန်းနှင့် အခြားသောသူများကလည်း ကျန်းကျိရင်က ဦးဆောင်သည့် မဟာမိတ်အဖွဲ့သစ်ထံ ဝန်ခံခဲ့ပြီး မိုးကြိုးအဖွဲ့၏ ယခင်ခေါင်းဆောင်က လောကသစ်ကို တည်ဆောက်ခဲ့ခြင်းလည်း ဖြစ်သည်။
မြောက်ပိုင်းတွင် တည်ရှိသည့် ထျန်းရွှင်မြို့တွင် နောက်ပိုင်း တိုးတက်ပြောင်းလဲမှုများက စတင်ခဲ့သည်။ ထိုမြို့ကို ပြန်လည်တည်ဆောက်လိုက်ပြီး နေထိုင်သူများ အားလုံးကလည်း ပြန်ရွှေ့လာကြသည်။ ကျန်းကျိရင်ကလည်း ဒီသတင်းကို ကြားသောအခါ အလွန်အမင်း ပျော်သွားသည်။ ပြန်လည်တည်ဆောက်မှုကြောင့်မဟုတ်ဘဲ ထျန်းရွှင်မြို့ဟာ သူ့အတွက် အလွန်ထူးခြားပြီး အဓိပ္ပါယ်အပြည့်ရှိသော နေရာတစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။ ယခုတလော အဖြစ်အပျက်များက တည်ငြိမ်သွားပြီဖြစ်လေရာ သူကလည်း သူ့ကိုယ်သူ အားလပ်ရက် အနည်းငယ် ပေးလိုက်ပြီး ထျန်းရွှင်မြို့သို့ တစ်ခေါက် ခရီးထွက်ရန် လာခဲ့သည်။
သူနှင့်အတူ လူအများကြီး ခေါ်မလာခဲ့ချေ။ သူနှင့် ယင်ညန်၊ ရှောင်းရှန်း၊ မန်ခါလီနှင့် အားခုန်းတို့ မိသားစု ၃ယောက်သာလျှင်ပါသည်။ ဒီနည်းအားဖြင့် အားလပ်ရက်အတွက် အပန်းဖြေခရီးထွက်သလို ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ အားခုန်းက လွန်ခဲ့သော နှစ်ပေါင်းများစွာ အကြာက လက်ထပ်လိုက်သည်။ သူမ၏ ကလေးကပင် ၇နှစ် ဖြစ်နေလေပြီ။
မည်သို့ပင်ဆိုစေ ယခုက ကမ္ဘာပျက်ကပ် ဖြစ်နေသေးသည်။ သာမန်လူများကလည်း ကမ္ဘာပျက်ကပ်မတိုင်ခင် ကာလကကဲ့သို့ မကြာခဏ ခရီးမထွက်နိုင်ကြချေ။ ပြန်လည်တည်ဆောက်ထားသော မြို့တိုင်းတွင် တည်းခိုခန်းအများစုက်ို မဟာမိတ်က တာဝန်ယူကာ ဖွင့်ထားပြီး မဟာမိတ်အင်အားစုများ စီးပွားရေး ခရီးထွက်သောအခါ အလျင်းသင့်ရန် ထောက်ပံ့ထားသည်။ သို့ရာတွင် ယင်ညန်ကမူ တည်းခိုခန်းသို့ ရောက်ပြီးပြီးချင်း မပျော်မရွှင် ဖြစ်သွားသည်။
YOU ARE READING
ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...
Fantasyဘာသာပြန်သူ - စွဲညို့အသင်း။ ဘာသာပြန်သူ၏မှတ်စု ဤဇာတ်လမ်းသည် ကျန်းကျိရင်၏ crush အား ကျူးပုံကျူးနည်း အဖြာဖြာကို ရှုစားရမည့် ဝတ္ထုဖြစ်သည်။