Description

8.3K 352 26
                                    


【အချစ်က ဒီကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံးအရာပဲ။ မင်းရဲ့အချစ်ကို ငါနဲ့အပေးအယူလုပ်ဖို့ ဆန္ဒရှိရဲ့လား? 】

ကုမ္ပဏီကို အမြန်ပြန်လာခဲ့တဲ့ ချန်းရွေ့က ရှောင်စန်းလေးကို ဖက်ထားပြီး သူ့ကိုအလုပ်ဖြုတ်ချင်နေတဲ့ သူ့ချစ်သူကိုလှမ်းကြည့်ပြီးနောက် အမှောင်ထဲကလူကို ပြန်ကြည့်လိုက်ကာ : "ကျွန်တော်ဆန္ဒရှိတယ်"

°°°  
သူ့ချစ်သူဆီကနေ မြေအောက်ခန်းထဲ အပိတ်ခံထားရသူ၊ သူခေါင်းကိုမော့၍ သွေးတစ်လုတ် ချောင်းဆိုးလိုက်တယ် :  "ကျွန်တော်ဆန္ဒရှိတယ်"

°°°
နယ်စပ်မှာမသေခဲ့ဘဲ သူ့ချစ်သူဆီက လိုက်ဖမ်းပြီး အသတ်ခံခဲ့ရတဲ့ ဂုဏ်သရေကြီးမြတ်လှတဲ့ စစ်သူကြီး၊ သေလုဆဲဆဲအချိန်မှာ သူခနဲ့ပြုံးပြုံးလျက်:  "ကျွန်တော်ဆန္ဒရှိတယ်"

ဒီဝတ္တုက ငါးဆားနူတွေကို နှိပ်စက်မယ့်ဝတ္တုတိုလေးတွေချည်းပဲ၊ ဇာတ်လိုက်တွေ အများစုကနစ်နာသူ‌တွေဖြစ်ပြီး လက်ခံသူလေးတွေ။ ဒါကငစနူတွေ အများကြီးဖတ်ပြီးတဲ့နောက် စာရေးသူပေါက်ကွဲထားတဲ့  လက်ရာလေးဖြစ်ပြီး ငစနူကို ဘာသနားကြင်နာမှုမှ ပြသမှာမဟုတ်လို့ မကြိုက်ရင်ဝင်မလာကြပါနဲ့။

************

ဟုတ်ကဲ့ အပေါ်ကစာက မူရင်း‌author Juè Juèရေးထားပါနော်။ Author Juè Juèကိုတော့ အားလုံးသိလောက်မယ်ထင်ပါတယ်။ လူသိများတဲ့ "ချစ်ခင်ပွန်း" တို့ "ကျောက်ခေတ်ခင်ပွန်းပျိုးထောင်ခြင်းမှတ်တမ်း" တို့ရေးတဲ့စာရေးသူပါ။ Seme MCအရေးများပြီး Green Flag Authorပါ။ သူ့သားတွေဘယ်လောက်စိမ်းသလဲဆို ယန်ကျင်းဇီကို‌ပဲကြည့်ကြပါတော့။ ဆိုတော့ကာ ဒီNovel‌ကို Authorက ခွေးသွေးဝတ္တုတွေ သွားဖတ်မိရင်းက ‌သွေးအန်လာလို့ လက်စားချေတဲ့အနေနဲ့ပြန်ရေးထားတာပါတဲ့ XD။

ဖောက်ပြန်ခံ၊ သစ္စာအဖောက်ခံ၊ အနိုင်ကျင့်ခံ၊ အစားထိုးခံ MCတွေက သူတို့အပေါ်မကောင်းတဲ့ ကျားကုန်းတွေကို တစ်ချက်မှပြန်လှည့်မကြည့်ဘဲ move onမှာဖြစ်လို့ Red Flag Enjoyersလေးများ အတွက်တော့ နေလိုမီးလိုလောင်မြိုက်သွားပြီး ခွေးသွေးမှရှာဖတ်ပြီး 'နင့်ကိုဒီလောက်အနိုင်ကျင့်ခဲ့တာကို ပြန်ပါသွားရလားဟဲ့'ဆိုပြီး သွေးတက်နေတဲ့Ellieလို နီတစ်ဝက်စိမ်းတစ်ဝက်လေးတွေအတွက်တော့ ပရိတ်ရေနဲ့ဖြန်းလိုက်သလို အေးချမ်းသွားမယ့်Novelလေးဖြစ်ပါတယ်။ 

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now