Chapter 24

828 167 6
                                    

ချိုင့်ဝှမ်းကျယ်ကြီးက အဆုံးမရှိသလောက်ပင်၊ ပိုအံဩစရာကောင်းသည်က စားစရာတွေ နေရာတိုင်းမှာ ရှိနေတာပဲဖြစ်သည်။

ဂဇဲဆိတ် အကောင်တစ်ရာလောက်က တောင်ပေါ်က‌ပြုတ်ကျလာပြီး တစ်ကောင်ချင်းစီက ဆောင်းခိုနေတာဖြစ်တာကြောင့် ဝဖီးသန်မာကာ တစ်ရာကတ်တီ‌ထက် အလေးချိန်ပိုစီးပြီး အားလုံးပေါင်းလိုက်ပါက ကတ်တီသောင်းချီတဲ့ အသားတွေရှိလေ၏။ ချိုင့်ဝှမ်းထဲက တောယုန်နဲ့ ဆိတ်တွေက လက်တစ်ဖက်ထဲနှင့်ပင် ဖမ်း၍ရနိုင်ပေသည်…..

"စစ်သူကြီး ဟိုချိုင့်ဝှမ်းထဲမှာ ရေကန်ကြီးရှိတယ်ဗျ။ ချိုင့်ဝှမ်းပတ်လည်က ရေပူစမ်းတွေနဲ့ ဘာမှမဆိုင်ပေမယ့် အပြင်ကမြစ်နဲ့ဆက်နေတာပဲ။ ကန်ထဲက ငါးကြီးတွေက ခြေတစ်ဖဝါးစား ရှည်တယ်ဗျို့!" ပတ်ဝန်းကျင်ကို စစ်ဆေးဖို့သွားဖို့ ကင်း‌ထောက်က စိတ်လှုပ်ရှားနေတဲ့မျက်နာနဲ့ ပြန်လာလေသည်။

"ပြီးတော့ရှိသေးတယ် စစ်သူကြီး အဲဒီမှာ ဘဲငန်းဖြူတွေ ‌ထောင်နဲ့ချီ‌အောင် ကန်ထဲရှိနေရောဗျာ!" နောက်တစ်ယောက်ကလည်း ဝင်ပြောသည်။

"ဘယ်ကဘဲငန်းဖြူရမတုန်းဟ ငန်းပါဟ" ပေ့ကျွင်းဖုန်း ငန်းတွေ ကောင်းကင်ပေါ်သို့ ဝဲပျံသွားတာအား မြင်သည့်အခါမှ သူ့ရင်ထဲက ကျောက်တုံးကြီးက နောက်ဆုံးတော့ မြေပေါ်ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

အခုသူ 'အာလူး'လို့ခေါ်တဲ့ အပင်ကိုသာ ရှာဖို့လိုတော့သည်…။ ပေ့ကျွင်းဖုန်း မြင်းပေါ်ကဆင်း၍ ဘေးကရင်းနှီးနေတဲ့ အပင်တစ်စုကို လှမ်းဆွဲနှုတ်လိုက်သည်။ ထို့နောက် အပင်အမြစ်အောက်မှာ ကြက်ဥအရွယ်အစားရှိသည့် အဝါရောင်ပင်စည်နှစ်ခုရှိနေသည်။ အဲဒီမှာ မြေကြီးအောက်ကနေ ဆွဲမနှုတ်ရသေးသည့် ပင်စည်တွေ အများကြီးရှိသေးတာကို ထည့်မတွက်ရသေးချေ။

ကြီးတဲ့တစ်ခုက ပေ့ကျွင်းဖုန်းရဲ့ လက်သီးအရွယ်ရှိပြီး သေးတဲ့ဟာက လက်သည်းခွံလောက်‌တောင် မရှိသေးဘူး။ ထိုအပင်များက ပွတ်သိပ်စွာ ပေါက်ရောက်နေပြီး သံသယဝင်စရာပင် မလိုအောင် ဒါကအာလူးတွေ ဖြစ်ကြလေသည်။

"စစ်သူကြီး ဒါဘာကြီးလဲ?" အားပေါင်ရဲ့ ဝတုတ်တုတ်မျက်နှာက ပြုတ်ကျလို့ ယောင်တေပေမယ့် သူကအားမာန်တက်ကြွနေဆဲပင်။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Donde viven las historias. Descúbrelo ahora