Chapter 2

1.9K 307 7
                                    


ချန်းရွေ့ တံခါးဝမှာ အရှက်ရကွဲအောင်လို့ အေးခဲနေတာမြင်တော့ ရှင်းကျစ်ဟုန် ပိုလို့တောင်စိတ်မရှည်တော့ဘူး။

သူချန်းရွေ့ကိုအရင်ကချစ်ခဲ့ပါတယ် ပြီးတော့ တက္ကသိုလ်မှာတုန်းက ချန်းရွေ့ပုံကို သူမှတ်မိနေတုန်းပဲ၊ ကြည်လင်ပြီး အားမာန်အပြည့်နဲ့ သူ့မျက်လုံးတွေက သူ့ကိုမြင်မြင်ချင်းချစ်မိသွားစေခဲ့တာ။ ဒါပေမယ့် ဒီလိုရင်ခုန်သံမျိုးက ဒီနှစ်တွေမှာ လွင့်ပြယ်သွားခဲ့ပြီး အခုတော့ ချန်းရွေ့က နေ့တိုင်း အလုပ်အကြောင်းမတွေးရင် အစားအသောက် အဝတ်အထည်အကြောင်းပဲတွေးနေတာ သိပ်ငြီးငွေ့စရာကောင်းတာပဲ။

ရန်းချီကမတူဘူး၊ ရန်းချီက နေ့တိုင်း ကွဲပြားပြီးလတ်ဆတ်တဲ့ခံစားချက်ပေးတယ်။ အဲတာကိုထည့်မတွက်တောင် ရန်းချီက အရမ်းလွတ်လပ်ပေါ့ပါးတယ်… သူချန်းရွေ့ကို အချိန်အကြာကြီးတွယ်ကပ်နေတာတောင် ချန်းရွေ့က ကုမ္ပဏီမှာမလုပ်ချင်ဘူး။ ဘာဖြစ်လဲ ရန်းချီက သူနဲ့ပျော်ဖို့ဆန္ဒရှိတယ်လေ။

"ဥက္ကဌရှင်း…" ရန်းချီက ရှင်းကျစ်ဟုန်ရဲ့လက်ကို ဆွဲလိုက်တယ်။

ရန်းချီရဲ့ ထိပ်ပျာနေတဲ့မျက်နှာလေးကိုမြင်တော့ ရှင်းကျစ်ဟုန်နှလုံးသားထဲ နာကျင်သွားပြီး ချက်ချင်းချော့မော့တော့တယ်။ "ဘာမှမဖြစ်ဘူးနော်… ချန်းရွေ့နဲ့ကိုယ်က လမ်းခွဲပြီးသွားပြီ"

"ဟုတ်တယ် ငါကမင်းနဲ့ ပြတ်ပြီးသွားပြီ" အခုလေးတင် တံခါးကိုမှီလိုက်တဲ့ ချန်းရွေ့ကို ကြည့်ရတာ ဘာကိုမှမဖက်တွယ်ထားတော့သလိုပဲ၊ ချက်ချင်းကိုဖြေခဲ့တယ်။

ရှင်းကျစ်ဟုန် လှမ်းကြည့်လိုက်ပြီးနောက် တုန်လှုပ်သွားခဲ့တယ်။ ချန်းရွေ့ရဲ့မျက်နှာပေါ်မှာ မျက်ရည်တွေရှိနေတုန်းပေမယ့် အခုတင် မျက်လုံးထဲပြည့်လျှံနေတဲ့ နာကျင်မှုတွေက လုံးဝကို ပျောက်ကွယ်သွားပြီ။

ခုနက သူချန်းရွေ့ကိုဖြတ်လိုက်တုန်းက သူ့ရင်ထဲ နည်းနည်းအပြစ်ရှိသလိုခံစားရလို့ သူချန်းရွေ့ကို နာကျင်စေခဲ့မိပြီလို့တွေးပြီး နစ်နာကြေးတစ်ချို့ပေးဖို့ စဉ်းစားနေတာ၊ ဒါပေမယ့် ချန်းရွေ့ရဲ့ ထီမထင်မျက်လုံးတွေကိုကြည့်ပြီး သူ့ရင်ထဲ ဒေါသမထွက်ဘဲ မနေနိုင်တော့ဘူး။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now