Chapter 5

1.7K 297 2
                                    

ရှင်းကျစ်ဟုန်က မျက်နှာရချင်တဲ့လူမျိုးဆိုတော့ သူချန်းရွေ့ကို ခပ်စူးစူးအကြည့်တစ်ချက်ပေးပြီး လှည့်ထွက်သွားကာ နောက်ဆုံးတော့ ဘာကိုမှမပစ်ပေါက်သွားတာက ချန်းရွေ့ကို စိတ်သက်သာရာရတဲ့သက်ပြင်းတစ်ချက် ချသွားစေမိတယ်။

ဒီလူက သူစိတ်တိုတဲ့အခါမှာ နည်းနည်းကြမ်းတမ်းတယ်။ သူက ဒီလူလင်းမုန့်ကို နာကျင်စေမှာ စိုးရိမ်နေပေမယ့် ကံကောင်းစွာနဲ့ မလုပ်ခဲ့လို့ပေါ့။

"ချန်းရွေ့ အဲတာရှင့်ကောင်လေးလား?" လင်းမုန့် ရှင်းကျစ်ဟုန်ထွက်သွားတာကိုကြည့်ပြီး မျက်ခုံးကို အသာပင့်ပြတယ်။

"အခုမဟုတ်တော့ဘူး" ချန်းရွေ့ တွေဝေမှုမရှိပြောခဲ့တယ်။

"တကယ်လား? ဒါပေမယ့် သူလက်လွှတ်မယ်လို့ ကျွန်မမထင်ဘူးနော်" လင်းမုန့်ကရယ်တယ်။

"အဲတော့ဘာဖြစ်လဲ?" ချန်းရွေ့ပြုံးလိုက်တယ်။

"ဟုတ်တာပဲ အဲ့တော့ဘာဖြစ်လဲ… ချန်းရွေ့ ကျွန်မ ရှင်ဒီလောက်ထိ လွတ်လပ်ပြီး ပေါ့ပါးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"ကျွန်တော်က ခံစားချက်မရှိဘူးလို့ မင်းပြောလိမ့်မယ်ထင်ထားတာ" ချန်းရွေ့ ဘေးကဆိုဖာပေါ်ထိုင်ပြီး မိတ်ကပ်ပညာရှင်ရဲ့ နှစ်ဖက်လုံးအပေါ်ထားတဲ့ မထီမဲ့မြင်အမူအရာကို ကြည့်နေလိုက်တယ်။ လူသားတွေရဲ့ စကားအရတော့ ဒါကသနားမှုတဲ့။ ရှင်းကျစ်ဟုန်က ဘယ်သူ့ကိုမှ ဂရုစိုက်တဲ့လူ မဟုတ်ဘူး။ ကြည့်လေ သူ့ရဲ့ ခုနက မျက်နှာပြောင်တိုက်တဲ့ပုံက မသိရင် သူကပဲ လိမ်လည်လက်ထပ်နေသလိုမျိုး။

"ရှင့်ကိုဖောက်ပြန်တဲ့ယောက်ျားတစ်ယောက်ကို ခံစားချက်မရှိသင့်တာပဲလေ" လင်းမုန့်ပြောရင်း တစ်ချို့ခံစားချက်တွေက သူမမျက်လုံးထဲ ကြွတက်လာခဲ့သလိုပဲ။

လင်းမုန့်အမူအရာကိုမြင်တော့ ချန်းရွေ့ သက်ပြင်းသာသာချတယ်။ လင်းမုန့်မှာ အရင်က ကောင်လေးရှိတာ သူမှတ်မိပါတယ်၊ အခုရော သူတို့တွေ ပြတ်သွားကြတာလား? လင်းမုန့်အလုပ်ထွက်ပြီး ဒီမြို့ကထွက်သွားချင်တာ မအံ့ဩတော့ဘူး။

ချန်းရွေ့ လင်းမုန့်အကြောင်း အများကြီးမမေးခဲ့ဘူး ပြီးတော့ သူအဲ့အကြောင်းတွေးဖို့လည်း အချိန်မရှိတော့ပါဘူးလေ။ ဘာလို့ဆိုရင် ၅ဘီလီယမ်က တကယ်ကြီး နောက်ရက်မှာ သူ့အကောင့်ထဲ လွှဲပြောင်းခံလိုက်ရလို့။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now