Chapter 16

1.3K 210 4
                                    

ဝမ်ကျန့်ရှန်း ဝှီးချဲတွင်ထိုင်နေခဲ့ပြီး သူ့မျက်နှာက အရမ်းဖြူလျော်နေကာ အိုးချင်းအား သိပ်ကိုရှုပ်ထွေးတဲ့ အမူအရာဖြင့် ကြည့်နေခဲ့လေသည်။

ဤအချိန်၌ အိုးချင်း သူ့အခြေအနေကို အလိုလိုနားလည်သွားပေမယ့် ခဏလောက် သူပျော်သင့်လား စိတ်ပျက်သင့်လား မသိတော့ချေ။

"မင်းအဆင်ပြေရဲ့လား?" အိုးချင်း သူ့ရှေ့ကလူကို ကြည့်ပြီး သူခံစားခဲ့ရတဲ့ ထိခိုက်ဒဏ်ရာကို မှတ်မိသွားခဲ့ပြီး သူ့ပါးလျလျမျက်နှာက စိုးရိမ်မှုအပြည့်ပင်။

"ငါအဆင်ပြေမယ်လို့ မင်းထင်လား?" ဝမ်ကျန့်ရှန်းပြောခဲ့သည်။ သူတကယ်အဆင်ပြေနေပါပြီ ပြီးတော့ ထိုအချိန်က ဖြစ်ပျက်ခဲ့တာတွေကို မေ့ဖို့ သူ့ကိုယ်သူ အကောင်းဆုံးကြိုးစားနေသည်။ ဒါပေမယ့် သူမီးပိတ်ပြီး မအိပ်ရဲတော့သလို မှောင်တဲ့နေရာတွေမှာလည်း သူမနေရဲတော့ချေ…။

"ကိုယ်‌တောင်းပန်ပါတယ်" အိုးချင်း အသံတိုးတိုးဖြင့် ပြောသည်။

"အခုမှ ‌တောင်းပန်ပါတယ် ပြောတာက အသုံးဝင်သေးလို့လား?" ဝမ်ကျန့်ရှန်း သူ့ရှေက ညှင်းသိုးသိုးလူကို ကြည့်လိုက်ပေမယ့် စိတ်ပူပန်မှု သေးသေးလေးတောင် မခံစားရတော့ပေ။

"ငါမင်းကို‌မေးချင်ရုံလေးပါ ဘာလို့လဲ?" အိုးချင်း ဘာလို့ ဒီလိုလုပ်မှန်း သူလုံးဝနားမလည်ခဲ့ဘူး။ အိုးချင်းကအမြဲတမ်း သူ့ကို အရမ်းကြင်နာပြီး ဂရုစိုက်ခဲ့တာ။ သူကလွဲရင် တစ်ခြားချစ်သူတွေလည်း မရှိသလို နှစ်ယောက်သားက လင်မယားလို နေထိုင်ခဲ့ကြတာ။ သူထင်တာ သူတို့နှစ်ယောက်က ထာဝရ ဒီလေး နေထိုင်ရလိမ့်မယ်ပေါ့။ ဘယ်သူထင်လိမ့်မလဲ အိုးချင်းမွေးနေ့မှာ တစ်ယောက်ယောက်က ချိုးဖောက်ဝင်လိုက်ပြီး သူတို့က သူ့ကိုဖမ်းဆီးကာ မြေအောက်ခန်းထဲ ပိတ်လှောင်ထားခဲ့တယ်လေ။

ထိုနေ့မတိုင်ခင်အထိ သူသုံးနှစ်လောက်နေလာတဲ့ ဗီလာအောက်မှာ မြေအောက်ခန်းတစ်ခု ရှိနေမှန်း‌တောင် သူမသိခဲ့ရဘူး!

သူ့အချစ်တွေကို ဝန်ခံဖို့နဲ့ အိုးချင်းနဲ့ ပွင့်ပွင်းလင်းလင်း စကားပြောကြဖို့ စီစဉ်ထားခဲ့သည်။ အိုးချင်းသာ သူ့အထောက်အထားကို မမှုသ‌ရွေ့ သူတို့ပြည်ပထွက်ပြီး လက်ထပ်မှတ်ပုံတင် ယူလို့ရတယ်ပေါ့…။ ရလဒ်ကတော့ စိတ်ကူးယဉ်ပျော်ရွှင်မှုအားလုံးက မစခင်ထဲက အဆုံးသတ်သွားခဲ့လေသည်။  

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Donde viven las historias. Descúbrelo ahora