[The Third Love] Chapter 19

1.3K 155 3
                                    

ပေ့ကျွင်းဖုန်း မြင်းပေါ်မှာလှဲနေခဲ့ကာ သူ့ခြေထောက်တွေက မြင်းရဲ့ဗိုက်ကို ပြုတ်တူလို တင်းကြပ်စွာညှပ်ထားပြီး ဇက်ကြိုးကို လက်တစ်ဖက်ဖြင့်ကိုင်၍ အခြားလက်တစ်ဖက်ဖြင့် သူ့ဘေးက မြေအိုးကနေ ကြိတ်ချေထားတဲ့ ဆေးဖက်ဝင်ပင်တွေကို ကော်နေခဲ့ပြီး သူ့ဝမ်းဗိုက်ပေါ်ရှိဒဏ်ရာအား အုံနေခဲ့သည်။

ဆေးတွေအုံနေခဲ့သော်ငြား ‌သူ့ဗိုက်က သွေးကတော့ဖြင့် မတိတ်ပါချေ။ အဘယ်ကြောင့်ဆိုသော် မြင်း၏ နောက်ကျောက ခုန်ပေါက်လွန်းနေတာကြောင့် ဆေးအုံထားတဲ့ ဒဏ်ရာက အမြန်ပင် သွေးများလွှမ်းသွားခဲ့လေသည်။

‌နောက်ကလုပ်ကြံသူတွေသာ ဆက်တိုက်သူ့က်ို လိုက်‌‌နေမည်ဆိုလျှင် သူဒီမှာသေရတော့မည်မဟုတ်ပါလား? ပေ့ကျွင်းဖုန်း ခနဲ့ပြုံးပြုံးလိုက်ပြီး မြို့တော်ရှိရာအရပ်ဆီသို့ မော့ကြည့်လိုက်သည်။

ယခု သူဘာမျှမတောင်းဆိုပါချေ။ သူသိပ်လွမ်းဆွတ်ရပါသော အမြင့်မားဆုံးနေရာမှာ ထိုင်နေတဲ့လူဆီ သူမသေခင်လေး ပိုနီးကပ်ချင်ရုံလေးတင်ပါ။
 
စစ်ထူဟယ့်ရုန်ကို‌တွေးရင်း ပေ့ကျွင်းဖုန်းက သူ့မျက်နှာ‌ပေါ်မှာ အပြုံးရေးရေးလေး မလှစ်ဟဘဲ မနေနိုင်တော့ပေ။ ဒါပေမယ့်  သူ့မျက်နှာပေါ်တွင် ညာဘက်နားရွက်ကနေ နှုတ်ခမ်းစွန်းအထိ အနာရွတ်ကြီး ရှိနေတာကတော့ သနားစရာပင်၊ သူ့အပြုံးကို လုံးဝမလှဘူးလို့ ပြောရမည်ထက် ကြောက်စရာကောင်းသည်ဟုတောင် ဆိုနိုင်ပေ၏။

သို့ပေမယ့် ထိုအခိုက်အတန့်၌ နောက်ကနေ မြင်းခွာသံကို ထပ်ကြားရပြန်တာကြောင့် ပေ့ကျွင်းဖုန်းရဲ့မျက်နှာက ပြောင်းလဲသွားခဲ့ပြီး နောက်ကလုပ်ကြံသူတွေ ထပ်လိုက်လာမှာ သူကြောက်မိတာကို သိလိုက်ရသည်။

စစ်ထူဟယ့်ရုန် ထီးနန်းဆက်ခံပြီးနောက်တွင် လင်အောက်ခံတွေကို စသုတ်သင်တော့သည်။ တိုင်းပြည်အနှံ့အပြားက လက်အောက်ခံဘုရင်တွေက ပုန်ကန်ကြလေ၏။ ချီပြည်‌ထောင်ရဲ့ စစ်သူကြီးအဖြစ် သူပုန်ကန်မှုအား နှိမ်နင်းစဉ်မှာ မရေမတွက်နိုင်သော လူတွေအား အပြစ်ပြုမိခဲ့သည်။

ပေ့ကျွင်းဖုန်း သူ့ကြာပွတ်ကို ထပ်မြှောက်လိုက်ပေမယ့် သူအောက်ကမြင်းက ရုတ်တရတ်ယိမ်းထိုးလာတာကိုတော့ သူမလိုချင်မိပါချေ။ မြင်းရဲ့ရှေ့ခြေတွေက ဒူးထောက်ချကာ အဆက်မပြတ်ဟီနေခဲ့ပြီး တစ်ချိန်တည်း၌ သူ့ကို မြင်းရဲ့ကျောပေါ်က ခါချခဲ့လေသည်။
 
ဒီအချိန်တွင်တော့ သူတကယ်မရှင်နိုင်တော့မှာ ကြောက်မိပါရဲ့လေ။ ဒါပေမယ့် ကံကောင်းထောက်မစွာ သူ့ကိုယ်သူငါးစာချပြီး မြို့တော်ဆီသွားရန် နောက်အဖွဲ့တစ်ခုကို သူရှာတွေ့နိုင်ခဲ့၏။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now