Chapter 25

941 169 16
                                    

ကြီးမားလှသော ကျောက်တုံးများဖြင့် ပြုလုပ်တည်ဆောက်ထားသော နန်းတော်ရာသည် မြင့်မား၍ ခံညားထည်ဝါလှသော်ငြား အ‌ဆောက်အဦးမြင့်မားလေ အရိပ်သည်လည်း ကြီးမားလေပါပဲ၊ ချီပြည်ထောင်၏ နန်းတော်သကဲ့သို့ပင်ပေါ့။

ဤအံ့ချီးလောက်ဖွယ်နန်းတော်ထဲ၌ မရေမတွက်နိုင်ပါသော အရိုးတို့မြှပ်နှံခံထားရပြီး မှောင်မိုက်သည့် နန်းတော်နံရံများက သွေးများဖြင့် အမဲတွေစွန်းထင်းနေခဲ့၏။

မြင့်မားသော နဂါးထိုင်ခုံပေါ်တွင် စစ်ထူဟယ့်ရုန်ထိုင်၍ သူ့ရှေ့တွင် ဒူးထောက်နေသော ဝန်ကြီးများအား ငုံ့မိုးကြည့်လျက် သူတို့ တစ်ခုပြီးတစ်ခု တင်ပြနေတဲ့ အစီရင်ခံစာများအား နားထောင်နေရင်း သူ့မျက်လုံးထဲက အမျက်ကို မည်သို့ပင်မျှ ဖိနှိပ်မထားနိုင်ခဲ့ချေ။

သူမည်မျှပင် အမျက်ထွက်ပါစေ စစ်သားတွေရဲ့ စစ်ပွဲအခြေအနေကို သူနားမထောင်လို့မရပေ။ "စစ်သူကြီးလျို့က ပုန်ကန်မှုကို ဖယ်ရှားအောင်နိုင်ဖို့ စစ်သည်၁၀၀,၀၀၀ကို ညွှန်ကြားခဲ့ပေမယ့် အနောက်မြောက်စစ်တပ်က မြောက်ပိုင်းကို စစ်ချီပြီးနေပြီး တူရကီစစ်တက်နဲ့ တိုက်နေကြပြီးတော့ တူရကီတွေရဲ့ ကျွဲ၊နွား၊သိုးတွေနဲ့ အမျိုးသမီးတွေကို လုယက်နေကြပါပြီ။ နောက်ဆုံးမှာ တူရကီလူမျိုးတွေက တောင်ဘက်တစ်လျောက်လုံး လိုက်ဖမ်းခံရပြီး စစ်သူကြီးလျို့ရဲ့စစ်တပ်နဲ့ ဝင်တိုးမိတာပါ။ စစ်သူကြီးလျို့က တူရကီစစ်သည်တွေကို သုတ်သင်နိုင်ခဲ့ပေမယ့် သူ့မှာထပ်တိုက်ဖို့ ဘာအင်အားမှမကျန်တော့တာကြောင့် အနောက်မြောက်စစ်တပ်ကို လိုက်မဖမ်းနိုင်တော့ပါဘူး"

"သူ‌ကရော ပေ့ကျွင်းဖုန်းတပ်ထဲ ဝင်ချင်နေတာလား?" စစ်ထူဟယ့်ရုန် နဂါးထိုင်ခုံ၏လက်ရန်းအား တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လက်‌ချောင်းများ အဖြူရောင်ပြောင်းလာခဲ့လေသည်။

"အရှင်မင်းကြီးခင်ဗျ စစ်သူကြီးလျို့မှာထိုရည်ရွယ်ချက် မရှိရိုးအမှန်ပါ! အရှင်မင်းကြီး စိတ်လျှော့တော်မူပါ!" ချက်ချင်း သူ့ကိုစည်းရုံးရန် လူတစ်ယောက်က ဒူးထောက်ချလိုက်သည်။ စည်းရုံးနားချပြီးနောက် ပေ့ကျွင်းဖုန်းနဲ့ ဖြေရှင်းရမည့်နည်းလမ်းတွေကို စတင်ဆွေးနွေးကြတော့သည်။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now