Chapter 26

1.1K 179 6
                                    

တူရကီတွေက မစည်းလုံးလေဘူး။ များစွာသော ပင်မလူမျိုးစုများက ယာယီသာ ပေါင်းစည်းနေကြတာ ဖြစ်သည်။ ဒါကြောင့်ပဲ ပေ့ကျွင်းဖုန်း အနောက်အရပ်သို့ စစ်ချီတက်တော့ သူ့စစ်သည်များက ပြန်ဆုတ်စရာမရှိတာဖြစ်လေသည်။ ရွှေ၊ငွေ အမျိုးသမီးတွေ သူကတိပေးပြီးနောက် တူရကီစစ်တပ်တွေကို အမြန်အနိုင်ယူလိုက်ပြီး တူရကီတွေရဲ့ ကျွဲ၊နွား၊သိုးများအား လုယူ၍ ကျန်တဲ့တူရကီတွေကို 'ပုန်ကန်မှုအားနှိမ်နင်း'ရန် လာသည့် ချီပြည်ထောင်စစ်တပ်ထံသို့ မောင်းထုတ်လိုက်သည်။

ချီပြည်ထောင်နဲ့ တူရကီတွေက မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ကြသည်။ အတိတ်မှာ ချီပြည်ထောင်က နိုင်ရင်တောင် ချီပြည်ထောင်စစ်တပ်တွေ တပ်ဆုတ်သည့်အတွက် တူရကီတွေက အမြဲတစေ ပြန်ထူထောင်နိုင်စမြဲဖြစ်ပြီး တောင်အရပ်ဆက်သွားကာ သူတို့ပြတ်လတ်နေသည့် ရိက္ခာတွေကို လုယက်ကြလေသည်။

သို့သော် ဒီတစ်ကြိမ်က ကွဲပြားလှသည်။ ဒီတစ်ကြိမ်မှာ ပေ့ကျွင်းဖုန်းရဲ့စစ်တပ်က တူရကီနယ်မြေမှာ အခြေချနေခဲ့၏။

သူစစ်တပ်အား ချိုင့်ဝှမ်းဆီသို့ မခေါ်သွားဘဲ တောင်တန်းကြီး၏ဘေးဘက် တောင်အရပ်မှာ မြို့တော်တစ်ခု တည်ထောင်ခဲ့သည်။ တောင်ခြေမှာ အာလူးစိုက်ဖို့ မြေတစ်ကွက်ခြံခတ်ပြီး တောင်ပေါ်မှာ ဆိတ်တွေမွေးပြီး တဖြည်းဖြည်းအခြေချခဲ့ကြသည်။

ဒါပေါ့ ဒါတွေအားလုံးလုပ်နိုင်တာက ဒီချိုင့်ဝှမ်းထဲမှာ အထွက်နှုန်းများလှသည့် ဆန်စပါးပေါ် မူတည်၍သာ လုပ်နိုင်တာဖြစ်လေသည်။ နောင်ပိုင်းရက်များမှာ ချိုင့်ဝှမ်းက သာမန်ဖြစ်လာပြီး အစကလို ဆောင်းတွင်းမှာ နွေဦးလို မနွေးထွေးတော့သော်လည်း အပြင်ကထက်တော့ ပိုနွေးထွေးလေပြီး အာလူးတွေ အထဲမှာစိုက်ပြီးနောက် လူ၁၀၀,၀၀၀ကို မငတ်မွတ်အောင် တောင့်ခံနိုင်ခဲ့သည်။

ပေ့ကျွင်းဖုန်းမှာ ထူးခြားဆန်းကြယ်တဲ့ အသံပိုင်ရှင်အား ကျေးဇူးတင်ခြင်းများဖြင့် လွှမ်းခြုံနေခဲ့သည်။ သူ့လက်အောက်က စစ်သည်များက အလုပ်ပိုကြိုးစားကြပြီး ပိုပိုပြီး နှစ်သက်စဖွယ်ဖြစ်လာခဲ့သည်။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now