Chapter 4

1.8K 318 12
                                    

ချန်းရွေ့က သူဒီညတော့ မှောက်လိုက်လှန်လိုက်နဲ့ အတွေးများရတော့မယ် ထင်ခဲ့ပေမယ့် ကြည့်ရတာ သူအတွေးလွန်သွားပုံပါပဲလေ - ဒီညမှာ သူကောင်းကောင်း အနားယူခဲ့ရတယ်။

နောက်တစ်နေ့ ချန်းရွေ့နိုးတော့ မနက်စောစောအလုပ်သွားမဲ့အစား ကောလိပ်တက်တုန်းက သူအလုပ်လုပ်နေကျ မနက်စာဆိုင်လေးဆီ ကားမောင်းသွားခဲ့တယ်။

ဒီမနက်စာဆိုင်လေးက ဘန်းမုန့်ကြော်တွေ ဝယ်ဖို့အတွက် တစ်စုံတစ်ယောက်က မနက်အစောကြီးထဖို့လိုအပ်လေပြီး သူမနက်တိုင်း ၅:၃၀ကနေ ၈:၃၀အထိလုပ်ခဲ့ရတယ်။ သုံးနာရီ‌လောက် ဘန်းမုန့်တွေလုပ်ပြီးရင် ပင်ပန်းလွန်းလို့ လက်တွေ‌တောင်မမြှောက်နိုင်တော့ပေမယ့် သူဌေးပေးလိုက်တဲ့ဘန်းမုန့်တွေကို ပြန်သယ်သွားရင်း သူအရမ်းပျော်ခဲ့တာ။ ဘာလို့ဆို ရှင်းကျစ်ဟုန်က သူ့ကို အိမ်မှာစောင့်နေတာမို့လို့လေ။

အခု သူရှင်းကျစ်ဟုန်နဲ့ အတူမရှိတော့ပေမယ့် ဒီဘန်းမုန့်ဆိုင်ရဲ့ အရသာကောင်းကို သတိရနေတုန်းပဲ။

ဘန်းမုန့်ကြော်ငါးခု၊ ဖက်ထုပ်ကြော်ငါးခု၊ ပဲနီတို့ဟူးနွေးကို ချန်းရွေ့ ဗိုက်လေးဝိုင်းသွားတဲ့အထိစားပြီးတဲ့နောက် သက်ပြင်းမချဘဲမနေနိုင်တော့ချေ။ သူအဲ့အချိန်တုန်းက တကယ်တုံးအခဲ့တာပဲ၊ အမြဲတမ်း ရှင်းကျစ်ဟုန်ကို အရင်စားခိုင်းပြီး ရှင်းကျစ်ဟုန်ထပ်မစားနိုင်တော့မှ အေးနေတဲ့အစာအသောက်တွေကို သူ့ဘာသာစားခဲ့တယ်…

ရှင်းကျစ်ဟုန်က သူ့ကိုစလိုက်ခဲ့တာဆိုပေမယ့် သူ့မှာက ကလေးအရွယ်ကတည်းက အဖေမရှိ၊ အမေက သူ့ကိုပျိုးထောင်ဖို့ ငွေရှာရတာနဲ့မအားလပ်တော့ သူ့ကိုဂရုစိူက်ဖို့ခဲယဉ်းလှတယ်။ နောက်တော့ ရှင်းကျစ်ဟုန်က သူ့ကိုမွေးနေ့လုပ်ပေးပြီး သူ့ရဲ့နေ့စဉ်အစားအသောက်ကို ဂရုစိုက်ပေးခဲ့တော့ သဘာဝကျကျပဲ သူ့မှာ သိပ်တောင်မကြာလိုက်ဘူး ထောင်ချောက်ထဲကျသွားတော့တာ။ သူရှင်းကျစ်ဟုန်ကို နှလုံးသားတစ်ခုလုံးနဲ့ ဆက်ဆံပြီးတော့ ဘာကိုမှပြန်မ‌တောင်းဆိုခဲ့ဘူး…

တစ်ခါတစ်လေ လူတွေက မင်းကိုအထင်သေးရတဲ့ အကြောင်းပြချက်က သူတို့ကအရင် အပြစ်စလုပ်ထားတာကြောင့် ဖြစ်နေတတ်တယ်။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now