ဝမ်ကျန့်ရှန်း ရေနဲ့အပက်ခံရပြီး နိုးလာခဲ့သည်။ယခုက စက်တင်ဘာလဖြစ်၍ မအေးသော်ငြား သူသည် အဖျားတက်နေခဲ့ကာ သူ့ကျန်းမာရေးက အရမ်းညံ့ပြီး အခုရောက်နေတဲ့နေရာက အေးစက်စက် မြေအောက်ခန်းတစ်ခုဆိုတော့ သူမခံနိုင်ဘဲ သွားချင်းရိုက်နေသည်မှာ ပုံမှန်ဖြစ်လေသည်။
မှောင်မိုက်နေတဲ့ မြေအောက်ခန်းထဲဝယ် သူတစ်ယောက်တည်းရှ်ိနေပြီး နံရံမှာ မီးအိမ်အနည်းငယ် ထွန်းညှိထားပေမယ့် သိပ်မလင်းပါချေ။ သူ့ကို အလင်းနဲ့ နွေးထွေးမှုအား မယူဆောင်ပေးနိုင်ရုံမျှမက ဒီနေရာက မှုန်မှိုင်းပြီး လေထန်တယ်လို့တောင် ခံစားရစေသည်။
ခြေဖဝါးတစ်ဖက်က ဝမ်ကျန့်ရှန်းရဲ့ ရင်ဘတ်ပေါ် အကြိမ်အနည်းငယ် တက်နင်းနေခဲ့၏။ ဝမ်ကျန့်ရှန်း ခေါင်းမော့လိုက်တော့ သူ့ကိုငုံ့ကြည့်နေတဲ့ အိုးချင်းအား မြင်လိုက်ရလေသည်။
ဝမ်ကျန့်ရှန်း အစက သူ့ရှေ့ကလူကို ခပ်တွေတွေ စိုက်ကြည့်နေပြီးနောက် သူ့မျက်နှာ၌ အံ့ဩမှုများပြည့်လာခဲ့သည်။ "အိုးချင်း၊ အိုးချင်း မင်းငါ့ကို လာကယ်ပြီ? သူတို့ငါ့ကို ရိုက်ပြီး အစားအစာတွေမပေးကြဘူး အိုးချင်း..."
"အဲတာ ငါခိုင်းထားတာပဲ" အိုးချင်း ဝမ်ကျန့်ရှန်းကို ရွံရှာစွာကြည့်လိုက်သည်။
ဝမ်ကျန့်ရှန်းက အခုအချိန်၌ အနည်းငယ်လောက်ပဲ စိတ်ကြည်လင်နေပြီး အိုးချင်းအား ငေးကြောင်ကြောင် ကြည့်နေမိသည်။
အိုးချင်းက ဒီနှစ်ဆို အသက်၃၀ပြည့်ဖို့ သိပ်မလိုတော့ဘူး၊ ၁.၈၈မီတာအမြင့်နဲ့ ရုပ်ရည် အရမ်းချောမောတယ်။ ဒါပေမယ့် အခု သူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းအား အနမ်းပေးနေကျ နှုတ်ခမ်းများက တင်းတင်းစေ့နေပြီး သူ့ကို ယုယုယယကြည့်နေတတ်တဲ့ မျက်ဝန်းများက ရွံရှာမှုများပြည့်နေခဲ့သည်။
ဘာလို့လဲ? ဒါကဘာတွေလဲ? သူအရင်က တွေးခဲ့တာက အိုးချင်းလက်အောက်က သူ့ကိုမုန်းနေတဲ့လူတွေက အမိန့်အတုတွေပေးပြီး သူ့ကိုပိတ်လှောင်ထားတယ်လို့လေ။ ဒါပေမယ့် အခုက.. ဒါတကယ်ပဲ အိုးချင်းက သူ့ကိုပိတ်လှောင်ပြီး စစ်မေးခိုင်းတာပေါ့?
YOU ARE READING
I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||
RomanceOriginal Title - 我不爱你了 Author - 决绝 (Juè Juè) Genres - Drama, Romance, Revenge, Yaoi Status in COO - 100 chapters I do not own any of this novel. This is just a fan translation and pay all credit to original author and artist. အင်္ဂလိပ်ဘာသာပြန်မရှိသ...