[The First Love] Chapter 1

3.1K 323 11
                                    


အပေးအယူတစ်ခုအား ဆွေးနွေးပြီးတဲ့ ချန်းရွေ့တစ်ယောက် စိတ်အခြေအနေကောင်းနေခဲ့တယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က 'ချီယွမ်'နဲ့ဆွေးနွေးညှိနှိုင်းတုန်းက ရှင်းကျစ်ဟုန်က မျှော်မှန်းထားတဲ့တန်ဖိုးလောက်မဖြစ်ခဲ့လို့ ရှင်းကျစ်ဟုန်က အရမ်းမပျော်မရွှင်ဖြစ်ခဲ့တယ်။ ဒီနေ့သတင်းကောင်းက သူတို့ကိုပျော်အောင်လုပ်နိုင်တော့မှာ ဟုတ်တယ်မလား?

တကယ်က အရင်'ချီယွမ်'နဲ့ညှိနှိုင်းမှုမှာ သူအမှားမလုပ်ချင်ခဲ့ပါဘူး။ ညှိုနှိုင်းမှုမတိုင်မီညက ရှင်းကျစ်ဟုန်က အရမ်းမူးနေပြီး အိမ်မှာ စပြီးမူးရူးသောင်းကျန်းတော့တာပဲ။ သူ့မှာတစ်ညလုံးနီးပါး ပြုစုခဲ့ရပြီး အစားလည်းခံရသေးတယ်။ နောက်နေ့ ညှိုနှိုင်းမဲ့ရက်ကျ‌တော့ သူနိုးကြားအောင် ကော်ဖီတွေအများကြီး သောက်ခဲ့ပေမယ့် သူနောက်ဆုံးအနေအထားကို နားလည်ဖို့အချိန်မရခင် သူတစ်ကွက်လွတ်သွားခဲ့လေတယ်...

"ဒါရိုက်တာချန်း ပြန်လာပြီလား?" ချန်းရွေ့ရောက်လာတာကို သူမအပြုံးနဲ့နှုတ်ဆက်လာတယ်။

"အင်း ကျွန်တော်ပြန်လာပြီ" ချန်းရွေ့ အရှေ့ကောင်တာကမိန်းကလေးကို ခေါင်းညိတ်ပြတယ်။

"ဒါရိုက်တာချန်း လေကြောင်းအရောင်းဌာနက ထိပ်တန်းကျောင်းသားက အခုတလော ဥက္ကဌနဲ့ အရမ်းနီးကပ်နေသလိုပဲ..." အရှေ့ကောင်တာကမိန်းကလေးက နည်းနည်းတွေဝေနေပုံရတယ်။

"ကျွန်တော်မှမရှိတာဗျာ၊ ကြည့်ရတာ ဥက္ကဌက သူ့ကိုမေးစရာအများကြီးရှိလို့ နေမှာပေါ့" ချန်းရွေ့ ပြုံးလိုက်ပေမယ့် သူ့စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုကြောင့်လားတော့မသိဘူး။ အရှေ့ကောင်တာကမိန်းကလေးက သူ့ကို သနားမှုတစ်ချို့နဲ့ ကြည့်နေတယ်လို့ သူအမြဲခံစားရတယ်။

သူအကြည့်မှားတာပဲနေမှာပါ ဟုတ်တယ်မလား? ချန်းရွေ့ ဓာတ်လှေကားထဲဝင်ပြီး အပေါ်ဆုံးထပ်ကို နှိပ်လိုက်တယ်။

သူအမြန်ပြန်လာခဲ့ရတာ အခုသူအတွေ့ချင်ဆုံးလူက‌တော့ ရှင်းကျစ်ဟုန်ပဲ။ သူတို့ချင်းသိကြတာ ဆယ်နှစ်နဲ့ ချစ်ခဲ့ကြတာကိုးနှစ်ရှိနေပြီးဆိုပေမယ့် ရှင်းကျစ်ဟုန်အတွက် သူ့ရဲ့အချစ်တွေက အချိန်ရေစီးကြောင်းအတိုင်း မမှေးမှိန်သွားခဲ့ဘူး အဲ့အစား ပိုလို့တောင် သန်မာပြီးရင်း သန်မာလာခဲ့တယ်။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now