Chapter 3

1.8K 308 8
                                    


ချန်းရွေ့ ကုမ္ပဏီကနေ သူ့ပစ္စည်းပစ္စယတွေပါတဲ့ စက္ကူပုံးကို ကိုင်ကာ လမ်းတစ်လျောက် အမျိုးမျိုးသောအကြည့်များကို ခံယူခဲ့ရတယ်။ အရှေ့ကောင်တာကမိန်းကလေးက သူ့ကိုစကားပြောရမှာ တုံ့ဆိုင်းနေပုံရပြီး သူမမျက်လုံးများက သနားမှုအပြည့်နှင့် ကြည့်နေခဲ့တယ်။

ငါကတကယ့်သနားစရာလေးပါ ရှင်းကျစ်ဟုန်ကို နှစ်တွေအကြာကြီးချစ်ခဲ့ပေမယ့် အဆုံးကျ ကန်ထုတ်ခံလိုက်ရတယ်လေ... ချန်းရွေ့ခနဲ့တဲ့တဲ့ပြုံးကာ အဆောက်အဦးရဲ့ မြေပေါ်ကနေ လျှောက်ထွက်သွားခဲ့ပြီး သူ့ဘေးက အမှိုက်ပုံးထဲ စက္ကူပုံးကို လွှင့်ပစ်ခဲ့ပြီးနောက် တက္ကစီတား၍ လိပ်စာတစ်ခုကိုညွှန်ကြားလိုက်တယ်။

ဒီမှာ သူနှစ်တွေအများကြီးနေလာခဲ့ပြီး သူ့အိမ်လို့ သတ်မှတ်ထားခဲ့တာ။

ရှင်းကျစ်ဟုန်နဲ့ တက္ကသိုလ်မှာ ချစ်မိသွားပြီးတဲ့နောက် သူအဆောင်ဆီ ရွှေ့ပြောင်းခဲ့တယ်။ အဲ့အချိန်က သူရော ရှင်းကျစ်ဟုန်ရော မိသားစုကို ဂေးဖြစ်တဲ့အကြောင်း မပြောရသေးဘူး။ အချိန်ပိုင်းအလုပ်သမား ငှားမရတာတော့ ပုံမှန်ပဲပေါ့။ ရှင်းကျစ်ဟုန်က ဘာမှမသိတဲ့သခင်လေးလေ။ သူမလုပ်တတ်တော့ သူကပဲ အိမ်မှုကိစ္စတွေသင်တယ်၊ ဟင်းချက်သင်တယ် ပြီးတော့ ရှင်းကျစ်ဟုန်ကို ကောင်းကောင်းဂရုစိုက်ပေးတယ်။

စီနီယာရှင်းကျစ်ဟုန်ရဲ့ အဘိုးက သူ့ဖြစ်တည်မှုကို သိသွားခဲ့ပြီး ခြောက်လလောက် ရှင်းကျစ်ဟုန်ရဲ့ဝင်ငွေတွေ ဖြတ်တောက်ခံခဲ့ရလို့ သူ့မှာ ရှင်းကျစ်ဟုန်ကိုထောက်ပံ့ဖို့ အလုပ်တွေလျှောက်ရှာခဲ့ရတယ်။

ရှင်းကျစ်ဟုန်က အသုံးအဖြုံးကြီးနေကျလေ။ သူက အစာကောင်းကောင်းမှစားတယ်၊ အဝတ်ကောင်းကောင်မှဝတ်တယ်။ အဝတ်အစားတွေကလည်း တစ်ရက်ဝတ်ပြီးတာနဲ့ လျှော်ဖို့လိုတယ်။ အဲ့အဝတ်အစားတွေက လက်နဲ့လျှော်လို့လည်းမရပြန်ဘူး အခြောက်လျှော်မှရတယ်။ ဒါက ကြီးမားတဲ့စရိတ်စကပဲ။ သူက မိဘတစ်ယောက်တည်းရှိတဲ့မိသားစုက ဆင်းသက်လာတဲ့ နေစရိတ်ချိုးခြံရတဲ့ကလေးတစ်ယောက်။ အဲတော့ ငွေရှာဖို့အတွက် သူ့မှာနှစ်ဝက်အတွင်း ၂၀ကတ်တီလောက်တောင် ဝိတ်ကျသွားခဲ့တယ်။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now