Chapter 17

1.4K 233 6
                                    

ထန်ယုံရိက အမြဲတမ်းသတိရှိတဲ့လူ ဖြစ်ခဲ့ပြီး သူ့ကိုယ်ပေါ်မှာ ပစ္စည်းတွေအများအပြား ဝှက်ထားခဲ့လေသည်။ ရှူးဖိနပ်အောက်ခံက ဓားသွားလိုမျိုးက သူ့အသက်ကိုကယ်ဖို့ နောက်ဆုံးအားထားရာဖြစ်သည်။

ဘယ်သူမှ ဒီကိစ္စကိုမသိသလို သူအရင် လိုက်ဖမ်းခံခဲ့ရတုန်းကလည်း လုံးဝမသုံးခဲ့ဘူး။ ထို့ကြောင့် သူဒါကိုထုတ်သုံးတဲ့အချိန် ဖိနပ်ထဲက ဓားထုတ်လိုက်တာကို တွေ့တဲ့တစ်ယောက်တည်းသောလူက သူ့ဘေးကအိုးချင်းသာ ရှိလေသည်။

ထန်ယုံရိ သူ့ကိုယ်သူပစ်ဝင်လိုက်တဲ့အချိန်တွင် ဝမ်ကျန့်ရှန်းပတ်လည်က လူတွေက လှုပ်ရှားလာပြီး တစ်ချိန်တည်း၌ အိုးချင်းလည်း လှုပ်ရှားလာခဲ့သည်။

ဓားထက်ထက်က ထန်ယုံရိရှေ့မှာ ရပ်နေတဲ့ အိုးချင်းရဲ့ ခန္ဓာကိုယ်ကို စိုက်သွားခဲ့ပြီး ထန်ယုံရိပုခုံးကို သေနတ်ပစ်ခံလိုက်ရ၏။

အသေအချာကိုပဲ! ဝမ်ကျန့်ရှန်းက အိုးချင်းအတွက် ပိုပိုအရေးပါလာပြီ! ထန်ယုံရိ သူ့ရှေ့ကအိုးချင်းကို ကြည့်ကာရယ်လိုက်ခဲ့သည်။ "ဟိဟိ"

ဝမ်ကျန့်ရှန်းက သူအစကထင်ခဲ့သလို အိုးချင်းရဲ့ ကစားစရာလေးမဟုတ်ဘဲ အိုးချင်းအတွက် သိပ်အရေးပါမှန်း သူရှာတွေ့သွားခဲ့လို့ ဝမ်ကျန့်ရှန်းကို ဖျက်စီးဖို့ သူအိုးချင်းကို နှိုးဆွခဲ့သည်။ ဒါပေမယ့် ကံမကောင်းစွာဖြင့် အိုးချင်းနှလုံးသားထဲက ဝမ်ကျန့်ရှန်းရဲ့နေရာကို သူလျှော့တွက်မိခဲ့သည်။

ဝမ်ကျန့်ရှန်းသာ ‌အဲ့မြေအောက်ခန်းထဲ တကယ်သေသွားခဲ့ပြီး ‌နောက်တော့မှ အမှန်တရားကို အိုးချင်းရှာတွေ့သွားရင် သူမြှုပ်စရာမြေမရှိဘဲ သေရမှာမလား? 

"ထင်တဲ့အတိုင်း အိုးရှောက်နှလုံးသားထဲမှာ သူကအရေးကြီးဆုံးပါလား" ထန်ယုံရိ သူ့လက်မောင်းကဒဏ်ရာကို ဂရုမစိုက်ဘဲ အိုးချင်းကိုသာ အနီးကပ်စိုက်ကြည့်နေခဲ့ကာ မုန်းတီးမှုအပြည့်နဲ့ အိုးချင်းရဲ့မျက်လုံးတွေကိုမြင်တော့ ဒါတကယ်မှန်တယ်လို့ သူခံစားခဲ့ရသည်။

ခွန်အားအများကြီး စိုက်ထုတ်ပြီး မသမာတဲ့နည်းတဲ့ အိုးချင်းရဲ့ စိတ်အထုံးကို အသုံးချကာ အချိန်တိုင်း အချိန်တိုင်း အိုးချင်းအနားကလူတွေကို ဖယ်ထုတ်ခဲ့သော်လည်း အဆုံးထိ သူဒီလူကိုမရခဲ့ပေ။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now