Chapter 7

1.7K 290 5
                                    

ချန်းရွေ့ရဲ့ကုမ္ပဏီက ကောင်းကောင်းတိုးတက်နေခဲ့တယ်။ မြို့တော်Sထဲမှာ ဒီလိုကုမ္ပဏီအသေးလေးတစ်ခုက တွေ့နေကျလည်းမဟုတ်သလို မျက်စိလည်းမဖမ်းစားနိုင်တော့ ဘယ်သူမှ တမင်တကာပစ်မှတ်မထားကြဘူးလေ။ သူက မြို့တော်Sမှာ ခပ်ဆင်ဆင်တစ်ခု တည်‌ထောင်ချင်တာကတော့ နှမြောစရာပဲ။ အောင်မြင်ရင်‌တောင် ဖြည်းဖြည်းချင်းပဲတိုးတက်နိုင်စရာရှိမှာ။

ချန်းရွေ့ အသစ်ဖွင့်ထားတဲ့ ကုမ္ပဏီကဝန်ထမ်းတွေက နယ်ပယ်အသီးသီးကနေ သူတူးထုတ်လာတဲ့ အရည်အချင်းရှိသူတွေဖြစ်ပြီး တစ်ယောက်မှ ရေနောက်ထဲကငါးတွေမပါဘူး။ လက်တွေ့ကျကျပြောရရင် အလုပ်လုပ်တဲ့ ကျွမ်းကျင်မှုကတော့ အရမ်းမြင့်မားကြတယ်။ အသစ်ဖွင့်ထားပေမယ့် လူကြိုက်များဆဲဖြစ်ပြီး အမြတ်လည်းပေါ်တယ်။ မဆိုးပါဘူး၊ ဒါက ချန်းရွေ့ရဲ့ အသားအရေကို တစ်နေ့ထက်တစ်နေ့ စိုပြေလာစေတယ်လေ။ သူ့ရုံးကိုနေ့တိုင်းလာပို့တဲ့ နှင်းဆီပန်းတွေ ရောက်မလာ‌တာမြင်တော့ သူပိုလို့‌တောင် ပျော်ရွှင်သေးတယ်။

"ရှောင်ချန် ဒီရက်တွေမှာ နှင်းဆီပန်းတွေရသေးလား? ခဏလောက်စဉ်းစားကြည့်ပြီးမှ ချန်းရွေ့ သူ့အသစ်ခန့်ထားတဲ့ လက်ထောက်လေးကို မေးလိုက်တယ်။

"ဥက္ကဌချန်း ပြီးခဲ့တဲ့ရက်တွေမှာ ဘာနှင်းဆီပန်းတွေမှ မပို့လာပါဘူး။ အမလင်းနဲ့ ကျန်တဲ့လူတွေ ပန်းအိုးထဲက ပန်းတွေကို လဲချင်ပေမယ့် ဘာပန်းမှမရထားပါဘူး" ရှောင်ချန်အပြုံးတစ်ခုနဲ့ပြောတယ်။ ချန်းရွေ့ကို ပန်းတွေဆက်တိုက်ပို့နေတာ ဘယ်သူမှန်းသူမသိပေမယ့် ချန်းရွေ့ အဲဒီလူကို မမြင်ချင်တာကိုတော့ သူသိပါတယ်။

"တကယ်? ရှောင်ချန် သွားပြီး အမလင်းမုန့်ကို ပန်းတွေကြိုက်လားမေးလိုက်၊ သူမဝယ်ပြီးရင် င့ါဆီက ‌ကုန်ကျစရိတ်ပြန်တောင်းလို့ရတယ်လို့" ချန်းရွေ့ပြုံးတယ်။ အစက လင်းမုန့် မြို့တော်Sကနေ ထွက်သွားမယ်ပြောခဲ့ပေမယ့် လအနည်းငယ်လောက် လျှောက်လည်ပြီး ပြန်ရောက်လာတယ်လေ။ ပြီးကျတော့ သူ့ကုမ္ပဏီကိုဝင်ပြီး လူထုဆက်ဆံရေးတာဝန်ခံအဖြစ် လုပ်နေခဲ့တယ်။

ရှောင်ချန်ထွက်သွားတာကို ကြည့်နေခဲ့ပြီးမှ ချန်းရွေ့ ကွန်ပျူတာဖွင့်ပြီး 'ဟယ့်ရှင်း'အကြောင်း သတင်းတွေ စစ်ဆေးလိုက်တယ်။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now