Chapter 14

1.3K 227 6
                                    

အိုးချင်း ရုံးခန်းထဲမှ ထွက်လာတော့ သူ့မျက်နှာက ရေလိုနစ်မြုပ်နေပြီး မည်သူမဆို သူ့ရဲ့ မပျော်ရွှင်မှုကို ခံစားနိုင်‌လေသည်။

အပြင်မှာ အလုပ်လုပ်နေတဲ့ အတွင်းရေးမှူးတွေ လက်ထောက်တွေမှာ ဒီလိုအိုးချင်းကို စကားပြောရဲဖို့ဆိုတာ ခက်ခဲလှတာကြောင့် သူတို့အလုပ်ကိုသာ အာရုံစိုက်နေတော့သည်။

"အိုးရှောက် စိတ်မပူပါနဲ့၊ ကျိုးယဲ့ရဲ့ အခြေစိုက်စခန်းက Mနိုင်ငံမှာဆိုတော့ အိုးအိမ်တော်ကို ဖြေရှင်းဖို့ သိပ်မလွယ်လောက်ပါဘူး"

"ငါသိတယ် ငါအရှုံးမပေးပါဘူး' အိုးချင်းခိုင်မာစွာ ကြည့်သည်။   

ထန်ယုံရိ အိုးချင်းရဲ့ ဖြောင့်နေတဲ့ကျောကို ကြည့်ရင်း အိုးချင်းရဲ့ ခိုင်မာတဲ့စကားတွေကို နားထောင်ရင်း သူ့မျက်လုံးထဲ၌ ပိုင်ဆိုင်လိုမှု တစ်စွန်းတစ်စ ဖြတ်သန်းသွားခဲ့ပြီး အလျင်အမြန် ဖုံးကွယ်လိုက်ကာ "အိုးရှောက် ရက်တွေအတော်ကြာအောင် မအိပ်ရသေးဘူး… "

"ယုံရိ မင်းဒီမှာစောင့်ကြည့်နေ ငါပြန်ပြီး နားလိုက်ဦးမယ်" အိုးချင်းပြောလိုက်ပြီး ဝမ်ကျန့်ရှန်း မြေအောက်ခန်းထဲမှာ အချုပ်ခံထားရထဲက ကုမ္ပဏီမှာပဲ သူအနားယူခဲ့တာ။ ဒါပေမယ့် အခုတော့ သူနဲ့ ဝမ်ကျန့်ရှန်းအတူရှိနေကျ နေရာလေးဆီ သူပြန်ချင်ပြီး ဗီလာမှာ အချိန်ကောင်းလေးတွေ ကုန်ဆုံးချင်တယ်"

ကားက အိမ်နဲ့ နီးလာလေ နီးလာလေ အိုးချင်းရဲ့ အသက်ရှုသံက ပို၍ ပို၍ မြန်ဆန်လာလေပဲ။ ကားပေါ်ကဆင်းပြီး ခြံဝန်းထဲက ကျိုးယဲ့လူတွေလုပ်ထားတဲ့ အပျက်အစီးတွေကို တွေ့တော့ သူ့နှလုံးသားထဲ ရုတ်တရတ် နာကျင်ခံစားရသည်။

ဝမ်ကျန့်ရှန်းက ထွက်သွားခဲ့ပြီ သူ့ကို အိမ်ပြန်လာမှာ စောင့်မယ့်လူ မည်သူမှမရှိတော့…

ဗီလာက ဟာလာဟင်းလင်းနှင့် ဖုန်ထူနေ၏။ ထိုရက်က အန်တီကျိုး သန့်ရှင်းရေးလုပ်နေပေမယ့် ကျိုးယဲ့လူတွေက ‌လာပြီး သေနတ်နဲ့ပစ်သွားခဲ့သည်။ သူမ ဒဏ်ရာမရသွားပေမယ့် လန့်ပြီး ဆေးရုံတင်လိုက်ရတာကြောင့် လာပြီး သန့်မရှင်းနိုင်ပေ။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now