Chapter 6

1.7K 304 11
                                    

သူ ချန်းရွေ့သူများနဲ့ မင်္ဂလာဓာတ်ပုံရိုက်ခဲ့တာကို သူမြင်ခဲ့တယ်ဆိုပေမယ့်လည်း ရှင်းကျစ်ဟုန်က ချန်းရွေ့ကို ကောင်းကောင်းသိတယ်လေ။ သူ့စိတ်ကို ရက်အနည်းငယ်လောက်နဲ့ မပြောင်းလဲနိုင်ဘူးဆိုတာ သူသိပ်သိတာပေါ့။ ထပ်ပြီးတော့ရှိသေးတာက ချန်းရွေ့ လူတစ်ယောက်ရှာပြီး သူ့ဇာတိကိုပြန်ပြီး လက်ထပ်ပွဲအတုလုပ်ဖို့ လိုချင်နေတာကိုလည်း သူသိသေးတယ်။ ဟုတ်တယ် သူမသက်မသာဖြစ်ရတယ် ဆိုပေမယ့် စိတ်သိပ်မပူခဲ့ဘူးလေ။ ဒါပေမယ့် အရှေ့ကအနေအထားကတော့ သူ့ကိုထပ်ပြီး မရယ်နိုင် စိတ်မအေးနိုင်စေတော့ဘူး။

ဒီကပစ္စည်းတွေအားလုံးက တစ်ခုချင်းစီ ချန်းရွေ့ ဝယ်ဖြည့်ထားခဲ့တာ။ ချန်းရွေ့ သိပ်တန်ဖိုးထားလွန်းလို့ အရင်ကဆို သန့်‌ရှင်းရေးတောင် သူ့ဘာသူ ကိုယ်တိုင်လုပ်ခဲ့တာ၊ ဒါပေမယ့် အခုတော့…

ရှင်းကျစ်ဟုန် နေရာမှာတင်ထိုင်ချလိုက်ပြီး ကြမ်းပြင်ပေါ်က မှန်ကွဲစတွေကို ကြည့်နေခဲ့တယ်။ သူနဲ့ချန်းရွေ့ရဲ့ ဓာတ်ပုံလေး။ အဲအချိန်တုန်းက သူတို့နှစ်ယောက်သားက ကော်နဲ့‌ကပ်ထားကြသလိုပဲ၊ သူဒီဓာတ်ပုံကို ချန်း‌ရွေ့နဲ့ရိုက်ပြီး မင်္ဂလာဓာတ်ပုံလို့ ခေါ်ခဲ့သေးတာ။

အဲအချိန်က ချန်းရွေ့က သိပ်မကြိုက်တဲ့ပုံပြပေမယ့် အမြဲတမ်း ဓာတ်ပုံကို ခိုးခိုးပြီးဖုန်သုတ်နေကျ။ အခုတော့ ဒီဓာတ်ပုံက မြေပေါ်ကျလို့ ကျိုးပဲ့နေခဲ့ပြီ။

ဒါတွေအားလုံးကိုကြည့်ရင်း ရုတ်တရတ်ဆိုသလို ရှင်းကျစ်ဟုန် သူ အရမ်းလွန်သွားမိသလို ခံစားလိုက်ရတယ်။

ချန်းရွေ့ရဲ့နှလုံးသားကလည်း ဒီအိမ်လိုမျိုး ကျိုးပဲ့နေခဲ့မလား?

ရိုက်ချိုးခံလိုက်ရတာက ဒီအခန်းမဟုတ်ဘဲ သူ့နှလုံးသားဖြစ်နေသလိုမျိုး ရှင်းကျစ်ဟုန် မသက်မသာပဲခံစားရတယ်။ ကုမ္ပဏီစထောင်တော့မယ့် ချန်းရွေ့ကိုတွေးမိတော့ သူမျက်မှောင်မကြုပ်ဘဲ မနေနိုင်တော့ဘူး။

ချန်းရွေ့က သူ့ကိုစိတ်ဆိုးချင်ရင်တောင် ဒါကတော့အရမ်းဇာချဲ့လွန်းတယ်။ ကြည့်ရတာ သူတို့တွေ စိတ်လျှော့ဖို့ လိုအပ်တဲ့ပုံပဲ။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Donde viven las historias. Descúbrelo ahora