Chapter 21
"ဘာတွေလဲ" ပေ့ကျွင်းဖုန်း ရုတ်တရတ်ထွက်လာတဲ့ အသံကြောင့် ထိတ်လန့်သွားပြီး နားကြားများမှားနေလားလို့ တွေးလိုက်မိသည်။
"ငါဘယ်သူဘယ်ဝါဖြစ်ဖြစ် အရေးမကြီးပါဘူး၊ ငါမင်းနဲ့အပေးအယူလုပ်ချင်တာ။ စစ်ထူဟယ့်ရုန်အတွက် မင်းရဲ့အချစ်ကို မင်းလိုချင်တာနဲ့ လဲပေးမယ်"
ထိုအသံက စိတ်ခံစားချက်မရှိဘဲ ဖြေးငြင်းစွာ ပြောနေတာ ဖြစ်သော်ငြား ပေ့ကျွင်းဖုန်း ဘာကြောင့်ရယ်မသိ ထိုအသံအား ယုံကြည်မိသည်။ "ငါလိုချင်တာနဲ့ မင်းတကယ်လဲပေးနိုင်တာလား?"
"ဒါပေါ့ မင်းဘာလိုချင်လဲ?"
"ကျွန်ုပ် ရိက္ခာတွေ မြက်ခြောက်တွေ ဆောင်းတွင်းအတွက် ဝါဂွမ်းအထည်တွေ လိုချင်တယ် အကျွန်ုပ် ဘယ်လောက်လဲလှယ်လို့ ရနိုင်မလဲ?" ပေ့ကျွင်းဖုန်း ထပ်မေးလိုက်၏။ သရဲဝိညာဉ်အကြောင်းထဲမှာ သရဲတစ္ဆေတွေက ငွေတွေ ဂုဏ်သတင်းကျော်စောမှုတွေနဲ့ သက်ရှိတွေကို မြှားပြီး ယန်စွမ်းအင်နဲ့ စိတ်ဝိညာဉ်ကို စုပ်ယူတဲ့ ပုံပြင်တွေအများကြီးရှိလေသည်။ သို့ပေမယ့် ထိုသို့ဆိုလျှင်ပင် သူယုံဖို့ဆန္ဒရှိ၏ သူယုံကြည်ချင်ပါ၏။
"မင်းလိုချင်တာက အခြေခံအကျဆုံး ဆောင်းတွင်းအဝတ်အထည်တွေနဲ့ လုံလောက်တဲ့ ရိက္ခာပဲမဟုတ်လား? အဲဒီစစ်သည် ၃၀၀,၀၀၀အတွက်လေ?"
"မှန်ပါတယ် ကျွန်ုပ်သာ ဆောင်းတွင်းကိုဖြတ်ကျော်ဖို့ စစ်သည်၃၀၀,၀၀၀အတွက် ရိက္ခာနဲ့ မြက်ခြောက်တွေကို ရနိုင်မယ်ဆိုရင် အကျွန်ုပ်ရဲ့ စိတ်ဝိညာဉ်ပျောက်ကွယ်သွားမယ်ဆိုရင်တောင် သေဖို့ဆန္ဒရှိပါတယ်!" ပေ့ကျွင်းဖုန်း မြေကြီးပေါ် တစ်ခါတည်း ဒူးထောက်ချလိုက်သည်။
"စစ်သည်၃၀၀,၀၀၀လို့သာ ပြောနေတာ တကယ်က ၂၀၀,၀၀၀ကျော်ပဲရှိတာများ။ ငါရှေ့ကလူနဲ့ အပေးအယူလုပ်ထားတဲ့ ငွေ၅သန်း(၅ဘီလီယံ)ကို စစ်သည်၂၁၀,၀၀၀ဆီ ခွဲပေးလိုက်ရင် ဆာလောင်မှုနဲ့ အအေးဒဏ်ကနေ သူတို့ကို နှစ်နှစ်လောက် ကာကွယ်ပေးနိုင်တယ်…"
ပေ့ကျွင်းဖုန်းအစကတော့ ထိုအသံက ဘာပြောနေတာလဲ နားမလည်ခဲ့ပေမယ့် သူနောက်ဆုံးစာကြောင်းကိုတော့ နားလည်တာကြောင့် သူ့မျက်နှာက အံဩမှုတွေ ပြည့်နှက်သွားခဲ့လေသည်။
YOU ARE READING
I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||
RomanceOriginal Title - 我不爱你了 Author - 决绝 (Juè Juè) Genres - Drama, Romance, Revenge, Yaoi Status in COO - 100 chapters I do not own any of this novel. This is just a fan translation and pay all credit to original author and artist. အင်္ဂလိပ်ဘာသာပြန်မရှိသ...