Chapter 23

907 162 2
                                    

「‌စစ်သူကြီးအသက်ရှည်ပါစေ!

လူတစ်ယောက်က ရိက္ခာနဲ့ကောက်ရိုးတွေ ယူလာကတည်းက ပေ့ကျွင်းဖုန်း မြို့တော်ခုရုံးက အနောက်မြောက်စစ်တပ်အား စွန့်ပစ်လိုက်ပြီဖြစ်ကြောင်း တိုက်ရိုက်အသိပေးလိုက်ပြီးနောက် သူ့လက်အောက်က စစ်သည်များအား စတင်စုဆောင်းတော့သည်။ သူ့နောက်ကိုလိုက်ဖို့ ဆန္ဒရှိသူများဖြင့် ပြန်ဖွဲ့စည်းမည်ဖြစ်ပြီး သူ့နောက်မလိုက်လိုသူများအားလည်း သူမတားဘဲ သူတို့ဘာသာ သွားခွင့်ပြုလေ၏။ အခုသူ မသေသေးဘဲ မြို့တော်ခုရုံးအားဆန့်ကျင်ရန် ရည်ရွယ်ချက်လည်းရှိတာကြောင့် ယင်းအခြေအနေအောက်တွင် သူ့ကိုသစ္စာဖောက်သူများအား မြို့တော်ခုရုံးက ကြင်နာစွာ ဆက်ဆံပေလိမ့်မည်။

သို့သော်လည်း ထိုကဲ့သို့လုပ်သည့်လူများ သိပ်မရှိပါချေ။ ဒီစစ်သည်တွေအားလုံးက ကုန်လွန်ခဲ့တဲ့ဆယ်နှစ်တာမှာ ပေ့ကျွင်းဖုန်း ကိုယ်တိုင်ကိုယ်ကျ ခေါ်ယူခဲ့တာဖြစ်ပြီး လီယွမ်ချောင်ဆို ထပ်ပြောဖို့ပင် မလိုတော့။ စစ်သားတွေကို ပြန်မှတ်သား၊ ပြန်ရေတွက်ပြီးနောက် လူဦးရေ ၁၅၀,၀၀၀ ရှိနေသေးသည်။ ပေ့ကျွင်းဖုန်း ဒီလူအားလုံးကို တူရကီနယ်စပ်သို့ ခေါ်ဆောင်ကာ ကြာမြင့်စွာစွန့်ပစ်ခံထားရသည့် မြို့အနီး၌ စခန်းချခဲ့လေသည်။

အခု ဆောင်းတွင်းဝတ်အနွေးထည်တွေကလည်း ဖြန့်ဖြူး‌ပေးပြီးပြီ၊ ရိက္ခာနဲ့ကောက်ရိုးတွေကိုလည်း လူ၂၀၀,၀၀၀ တစ်စစားလောက်‌အောင် ဖြန့်ဝေပြီးပြီ။ အရည်အသွေး အထူးကောင်းမွန်ပြီး လက်ရှိစစ်တပ်ကလည်း သေးတာကြောင့် နှစ်လလောက်တော့ ခံနိုင်ပေသည်။

ဒါပေမယ့် နှစ်လတည်းပဲ… ဒါကသူ့အတွက် ကန့်သတ်မဲ့တဲ့ စားစရာတွေ ထောက်ပံပေးနိုင်သည့် 'သုခဘုံ'ဆိုသည်အား ရှာဖွေရမည့်အချိန်ဆိုတာ ပေ့ကျွင်းဖုန်း သိလေ၏။ ဟုတ်တာပေါ့ ဒါမတိုင်ခင် ဒီစစ်သားတွေကို သူအခြေချပေးရဦး‌မည်ပင်။

စစ်တပ်စခန်း၌ စစ်သည်တစ်ဦးအဖြစ် ထမ်းဆောင်တာက ဝအောင်စားပြီး နွေးအောင်ဝတ်နိုင်တာနဲ့တင် နတ်ဘုရားကောင်းချီး‌ ဖြစ်နေပြီ။ အရာရှိတစ်ယောက်က အသားစားနိုင်ပေမယ့် သာမန်စစ်သည်များကတော့ အသားစားဖို့ လုံးဝအခွင့်အရေးမရှိချေ။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now