Chapter 11

1.4K 222 6
                                    

အိုးချင်း မြေအောက်ခန်းရဲ့ တံခါးဝ၌ အချိန်အတော်ကြာရပ်၍ အထဲက အသံတွေကို နားထောင်နေခဲ့ပြီး သူ့မျက်နှာပေါ်က အမူအရာက ခန့်မှန်းမရနိုင်တာကနေ အဆုံးတွင်အေးခဲရာမှ အမှုမထားတဲ့ဆီသို့ပြောင်းသွားခဲ့ပြီးနောက် မြေအောက်ခန်းမှ အလျင်အမြန်ထွက်ကာ အပေါ်ရှိဗီလာထဲ ဝင်သွားခဲ့လေသည်။

ဝမ်ကျန့်ရှန်း လွန်ခဲ့တဲ့ဆယ်ရက်က ဖမ်းချုပ်ခံရကတည်းက အိုးချင်းမှာ ဗီလာသို့ မရောက်သေးပေ။ အိုးချင်း တံခါးဖွင့်၍ ဝင်သွားခဲ့သည်။ ပုပ်သိုးနေတဲ့ ကိတ်မုန့်တစ်လုံးနှင့် ထူးဆန်းတဲ့ အနံဆိုးတွေထွက်နေတဲ့ ဟင်းပွဲအနည်းငယ်ကို သူမြင်လိုက်ရသည်။

ဒီကိတ်မုန့်ကိုမြင်တော့ အိုးချင်းငေါ့‌ပြုံးပြုံး၍ အနားကလူတွေကို ကြည့်ကာ "ဘာကြီးတွေလဲ? တစ်ယောက်ယောက်ကို ခေါ်ပြီး ရှင်းခိုင်းလိုက်စမ်း"

"ဟုတ်ကဲ့ အိုးရှောက်" အိုးချင်း အများကြီး အားထားရတဲ့ ညာလက်ရုံး ထန်ယုံရိက အသံတိုးတိုးဖြင့်ဖြေကာ အရင်က ဗီလာထဲမှာ အလုပ်လုပ်တဲ့ အန်တီကျိုးကို ဖုန်းခေါ်လိုက်သည်။ အန်တီကျိုးမလာခင် စားပွဲပေါ်ကကိတ်ကိုကြည့်ပြီး ထူးဆန်းစွာပြုံးပြီးနောက် ဘေးနားက အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့သည်။

ပုပ်သိုးနေတဲ့ကိတ်က အမှိုက်ပုံးထဲကျသွားပြီး လုံးကြေသွားကာ အနီရောင်ဘူးလေးတစ်ပိုင်းကို လှစ်ဟနေခဲ့ပေမယ့် ထန်ယုံရိက တခြားဟင်းတွေပါ သွန်ထည့်ပစ်လိုက်တော့ ထပ်မမြင်ရတော့ပါချေ။

အားလုံးပြီးစီးသွားပြီး သူတံခါးဖွင့်လိုက်တော့ တံခါးအပြင်က အန်တီကျိုးက အမြန်ဝင်လာခဲ့သည်။

အန်တီကျိုးက အိုးချင်း ငယ်ငယ်ကတည်းက စောင့်ရှောက်ခဲ့တာဖြစ်ပြီး အိုး‌ချင်းရှေ့မှာ မျက်နှာသာအတော်ရလေသည်။ သူမဖိနပ်တွေကိုလဲ၍ အိမ်ထဲဝင်လာဝင်ခဲ့ပြီး အိမ်ထဲက အနံဆိုးတွေကိုရတော့ သူမက ပွစိပွစိဆိုလေသည်။ "ရှောင်ဝမ်ပြောတာမှန်တယ်ကွဲ့ သန့်ရှင်းဖို့အချိန်မရှိရင် မင်းအန်တီ့ကို ခေါ်သင့်တာပေါ့ ဘာလို့ တစ်ခန်းလုံး နံဟောင်နေအောင် လုပ်ထားတာလဲကွယ်?"

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now