[Extra: ကျွန်တော့်သခင်လေး] Chapter 18

1.9K 245 7
                                    

ညနေခင်း၌ နေရောင်ခြည်မှာ ထွန်းလင်းတောက်ပလျက်ရှိနေ၏။

ကျိုးဟူ ကားထဲမှဆင်းလာခဲ့ပြီး နေကာမျက်မှန်ကို ချွတ်လိုက်တော့ သူ့မျက်လုံးများက နေ‌ရောင်ခြည်စူးစူးကြောင့် မျက်စိကျိန်းသွားရကာ သူ့နှုတ်ခမ်းကို အသာကော့၍ နေကာမျက်မှန်ကို အမြန်ပြန်တပ်လိုက်လေသည်။

ဝမ်ကျန့်ရှန်း နာလန်ထူဖို့သုံးတဲ့ လူနာဆောင်ဘေးက လူနာဆောင်မှာ ယခု များစွာသော ကိုယ်ရံတော်များ ဝန်းရံထားခြင်း ခံထားရလေသည်။ ကျိုးဟူဖြတ်သွားသွားချင်းပဲ ထိုကိုယ်ရံတော်များက သူ့ကိုဦးညွတ်ကြသည်။

"အဲ့လူရဲ့ဒဏ်ရာ ဘယ်လိုနေလဲ?" ကျိုးဟူမေးလိုက်သည်။

"သူ့ဗိုက်ကဒဏ်ရာက သိပ်မပြင်းထန်လို့ ကောင်းသလောက်ရှိနေပါပြီ" ကိုယ်ရံတော်တွေထဲက တစ်ယောက်က ဖြေခဲ့သည်။

"ဒါဆိုလည်း သူ့ကိုထောင်ထဲပို့ဖို့ အချိန်ကျပြီပေါ့" ကျိုးဟူ တံခါးကိုဖွင့်တော့ ကုတင်ပေါ်မှာ ဆေးရုံဝတ်စုံဝတ်ပြီး ထိုင်နေတဲ့ အိုးချင်းကို မြင်လိုက်ရသည်။

သူအိုးချင်းကို ပထမဆုံးမြင်ခဲ့တဲ့အချိန်ကို မှတ်မိနေဆဲပင်။ အဲတာက သခင်လေး ပို့ခဲ့တဲ့ ဓာတ်ပုံဖြစ်လေသည်။ ထိုအချိန်က သခင်လေးက သူငယ်ချင်းတစ်ယောက် ဆုံတွေ့ခဲ့ရတယ်လို့ သူ့ကိုပြောခဲ့ပြီး ဓာတ်ပုံထဲကအိုးချင်းက မျက်နှာသေကြီးရှိနေပေမယ့် မျက်နှာက ချောမောကာ ထူးခြားပြောင်မြောက်လှသည်။

နောက်ပိုင်းတွင် သူ့သခင်လေးက အိုးချင်းအကြောင်း ပိုပြီး ပိုပြီး ပြောလာကာ အိုးချင်းနဲ့ ချစ်နေကြပြီလို့‌တောင် ပြောလာခဲ့သည်...။ သူသတင်းရတော့ သူညလုံးပေါက်နေခဲ့၍ နှလုံးသားထဲကို ရှာလကာရည်စားခွင့်ပြုခဲ့ပြီး‌တော့ နောက်ရက်တွင် ကျိုးယဲ့နဲ့ ခါတိုင်းလိုသာ အပြင်ထွက်ခဲ့လေသည်။

သူရော သူမွေးစားအဖေရော တိုင်းပြည်ကအကြောင်း ဘာတစ်ခုမှမသိချေ။ အိုးချင်းကို စုံစမ်းခဲ့တော့ အပေါ်ယံအခြေအနေလောက်သာ ရှာ‌တွေ့ခဲ့ကြတာကြောင့် ‌နောက်ပိုင်း သူ့သခင်လေးက အိုးချင်းရဲ့ကောင်းကြောင်းတွေ ထပ်ခါ ထပ်ခါ ပြောနေခဲ့တော့ မွေးစားအဖေလည်း နှစ်ယောက်အတူရှိတာကို သဘောတူခဲ့လေသည်။

အဲဒီအချိန်က သူ သခင်‌လေးဝမ်းနည်းမှာကို မမြင်ရက်လို့ သူ့မွေးစားအဖေကို နည်းမျိုးစုံနဲ့ ကြိုးစားစည်းရုံးပေးခဲ့သည်။ ဒါပေမယ့် သူမမျှော်လင့်ထားတာက‌တော့ သူ့ရွေးချယ်မှုက သူ့ရဲ့အဖိုးတန်ဆုံးလူသားလေးကို သေစေလုနီးပါးပဲဆိုတာကိုပင်။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now