Chapter 22

922 170 5
                                    

အနောက်မြောက်စစ်တပ်၏ စစ်သည်တွေမှာ ဤရက်များ၌ ခက်ခဲသောအချိန်ရှိနေခဲ့သည်။

ရာသီဥတုက အေးသည်ထက် အေးလာပေမယ့် သူတို့ရဲ့ ‌ဆောင်းတွင်းအဝတ်အထည်တွေက မဖြန့်ဝေခံရသေးချေ။ ဒါတင်မက ရိက္ခာလည်း မလောက်ငှတော့။
 
အာ့ကုန်စစ် မြက်ကြွေးဖို့ ကောက်ရိုးကိုယူပြီးနောက် ကောက်ရိုးတစ်ချို့ကို ကောက်ကာ သူ့ပါးစပ်ထဲထည့်ပြီး ဝါးနေခဲ့သည်။ ကောက်ရိုးထဲက အချိုဓာတ်ကို အရသာခံရင်း သူဗိုက်ထပ်မဆာတော့သလို ခံစားရလေသည်။

"အာ့ကုန်စစ် မြင်းကအသင့်ပဲလား? ငါတို့ကင်းလှည့်ရတော့မှာ" များစွားသော မုတ်ဆိတ်နဲ့ယောက်ျားတွေက သူတို့ဘေးလာပြီး ကောက်ရိုးတစ်ဆုပ်ကိုင်ပြီး သူတို့အင်္ကျီတွေထဲ ထိုးထည့်နေကြသည်။

"ချန်းဟူ အခုမြင်းတွေအတွက် အစာမလောက်တာ ဒီကောက်ရိုးတွေက…"

"ငါသိပါတယ်၊ ဒါပေမယ့် ဒီအင်္ကျီတွေထဲ တစ်ခုခုမထည့်လို့ကတော့ မြင်းစီးရင်း လေတိုက်ခံရရင် သေချာပေါက် အေးခဲပြီးသေလိမ့်မယ်ကွ" ချန်းဟူက ကောက်ရိုးတစ်ချို့ကို ထပ်ထိုးထည့်ကာ "စိတ်မပူပါနဲ့ကွာ ငါခနနေအပြင်ထွက်ရင် မြင်းတွေအတွက် စားကျက်ရှာပါ့မယ်"

ဒီနှစ်ဆောင်းရာသီက အရမ်းစောစီးစွာ ရောက်လာခဲ့ပြီး အပြင်မှာ မြက်ရနိုင်တဲ့နေရာက သိပ်များများစားစား မရှိချေ… အာ့ကုန်စစ် ဒါကိုကောင်းကောင်းသိပေမယ့် ချန်းဟူ တုန်နေတာမြင်တော့ ကောက်ရိုးတွေအများကြီးကို ဝါဂွမ်းမျှင်တွေ မရှိတာကြာလှရှိတဲ့ ဝါဂွမ်းအနွေးထည်ထဲ သူ့ကိုယ်သူဘောလုံးတစ်လုံးလိုဖြစ်အောင် သိပ်ထည့်နေတာကို ခွင့်ပြုလိုက်ဆဲပင်။

နောက်ဆုံးအကြိမ် မြို့တော်ခုရုံးက ‌ဆောင်းတွင်းအထည်တွေ ပို့လိုက်တာက လွန်ခဲ့တဲ့သုံးနှစ်ကဖြစ်လေသည်။ သုံးနှစ်ကြာပြီးတော့ အရည်‌အသွေးညံ့ညံ့ အနွေးထည်တွေက နွေးထွေးမှုကို မထိန်းထားနိုင်တော့။ သူတို့သာ ဝဝလင်လင်စားရရင် တစ်မျိုးတစ်ဖုံတော့ သူတို့နွေးထွေးနိုင်ပါသေးသည်။ သို့ပေမယ့် ယခုလို သူတို့စပါးလုံးတွေရောနေတဲ့ ဆန်ပြုတ်ပဲသောက်နေရပြီး အစာအိမ်ထဲမြိုချလိုက်ပြီးရင်တောင် ဆီးသွားရုံနဲ့ အကုန်ပြန်ပါသွားလေ၏။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now