[Extra: နောင်တ] Chapter 9

2.2K 333 15
                                    

ရှင်းကျစ်ဟုန် သူ့စားပွဲရပ်ကာ ဘေးကစက္ကူပုံးထဲ သူ့ပစ္စည်းတွေကို ငေးငိုင်ငိုင်ဖြင့် ထည့်သိမ်းနေခဲ့ပြီး ချန်းရွေ့ထွက်သွားခဲ့တဲ့နေ့ကို စဉ်းစားမိသွားခဲ့တယ်။

ချန်းရွေ့လည်း အဲ့နေ့က ဒီလိုအထုပ်ပြင်ခဲ့ပြီးတော့ လက်ထဲစက္ကူပုံးပိုက်ရင်း ထွက်သွားခဲ့ရတာမလား? အဲ့အချိန်က ဘယ်လိုခံစားရလိမ့်မလဲ ငါမသိတော့ဘူး။

ရှင်းကျစ်ဟုန်မျက်နှာက သိပ်ကိုဖြူဖျော့နေပေမယ့် ပစ္စည်းတွေထုတ်ပိုးတာကို မနှေးကွေးခဲ့လေဘူး၊ အံဆွဲထဲက အတူရိုက်ထားတဲ့ပုံလေးကို မတွေ့ခင်အထိပေါ့။

သူဒီပုံကို သူနဲ့ချန်းရွေ့ နေတဲ့အိမ်ကနေ ယူလာခဲ့တာ။ သူကနည်းနည်းစိတ်မရှည်ဖြစ်နေပေမယ့် ချန်းရွေ့ကတော့ အပြုံးတွေအပြည့်ပဲ။ ဒီလိုအပြုံးလေးကို သူမြင်ခဲ့ရတာ ဘယ်လောက်ကြာခဲ့ပြီလဲ?

ချန်း‌ရွေ့က သိပ်ကောင်းတဲ့ချစ်သူတစ်ယောက်။ သူနဲ့တွဲပြီးနောက် နေရာတိုင်းမှာ သူ့ကိုဂရုစိုက်ပေးခဲ့တယ်။ စိတ်မကောင်းစွာနဲ့ပဲ အစကတော့ ဒီလိုကိစ္စလေးတွေကြောင့် သူထိရှခဲ့ရပေမယ့် တဖြည်းဖြည်းနဲ့ ငြီးငွေ့လာခဲ့တယ်။ အဲတာကြောင့် သူ့ကို တန်ဖိုးထားရကောင်းမှန်း လုံးဝမသိခဲ့ဘူး။

ရန်းချီက သူအပြင်မှာတွေ့ခဲ့တဲ့ တစ်ယောက်တည်းသောလူ မဟုတ်ခဲ့ဘူး။ ချောတဲ့လူဖြစ်ဖြစ် စွဲမက်စရာကောင်းတဲ့လူဖြစ်ဖြစ် တစ်ယောက်ချင်းစီတိုင်းက သူ့ကိုမတူတဲ့ခံစားချက်လေး ပေးနိုင်ပေမယ့် ဘယ်သူကမှ ချန်းရွေ့လို အိမ်တစ်လုံးမပေးစွမ်းခဲ့ဘူး။

သူချန်းရွေ့ကိုချစ်တယ်၊ တက္ကသိုလ်မှာ ပထမဆုံးတွေ့တဲ့အချိန်ထဲက သူမြင်မြင်ချင်းချစ်ခဲ့တာ။ ချန်းရွေ့အချစ်ကိုရလို့ သူကံကောင်းပေမယ့် အဲ့အချစ်ကို ဒီတိုင်းနေရင်းနဲ့ပဲ သူပျောက်ဆုံးလာခဲ့တယ်။

(T/N: အချစ်ပေါ့လာတာကို ပြောချင်တာ)

ချန်းရွေ့နဲ့လမ်းခွဲပြီးတော့ ချန်းရွေ့ရဲ့ဟင်းချက်လက်ရာ၊ ချန်းရွေ့ရဲ့ ညဖက်ကိုယ်ငွေ့လေး၊ ချန်းရွေ့ရဲ့အသံလေးတွေ သူလွမ်းဆွတ်ခဲ့တယ်။ အဲအချိန်တုန်းကတော့ သူ့ကိုယ်သူ ပြန်အဖက်ဆယ်နိုင်မယ်ထင်ခဲ့တာလေ။ အဆုံးကျမှ ချန်းရွေ့သူ့ကို ဘယ်လောက်တောင်ချစ်ခဲ့လဲဆိုတာ သူသိခဲ့ရတယ်။ အခုလေးတင် ချန်းရွေ့က သူ့အဘိုးနဲ့ထိပ်တိုက်တွေ့နေပြီး ချန်းရွေ့ရဲ့ သူ့ကိုခုနကကြည့်လိုက်တဲ့ အဖက်မလုပ်တဲ့မျက်လုံးတွေကို မြင်လိုက်ရတာက အရာအားလုံးက ဇိမ်ခံပစ္စည်းဖြစ်နေခဲ့တာ ကြာပြီမှန်း သူ့ကိုယ်သူ အရှင်းကြီး သိသွားစေခဲ့တယ်။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now