Chapter 13

1.4K 234 5
                                    

ဝမ်ကျန့်ရှန်း အလျင်အမြန် သက်သာလာခဲ့သည်။ သူအရေးပေါ်ကုသမှုအတွက် ကယ်ဆယ်ခံရစဉ်က ဆရာဝန်က သူတစ်ဘဝလုံး ပြန်မကောင်းလာနိုင်တော့ဘူးလို့ အခိုင်အမာပြောကြားခဲ့သည်။ ဒါပေမယ့် တကယ့်တကယ်ကျ ရက်အနည်းငယ်လေးအတွင်းနဲ့ အရိုးတွေ အတွင်းအင်္ဂါတွေရှိ သူ့ဒဏ်ရာတွေက မြန်ဆန်စွာ ပျောက်ကင်းလာခဲ့လေသည်။

သူ့ကိုကုသပေးတဲ့ စမစ်ကသာ ကျိုးယဲ့ရဲ့ ပုဂ္ဂိုလ်ရေးဆရာဝန်မဟုတ်ရင် သူတက်နေတဲ့ဆေးရုံကသာ ကျိုးယဲ့တည်ဆောက်ပြီး ရင်းနှီးမြုပ်နှံထားတဲ့ ဆေးရုံမဟုတ်ရင် သူ့အခြေအနေနဲ့ဆို သုသေသနလုပ်ဖို့ အပို့ခံရမှာကျိန်းသေလေ၏။

ယခုတောင်မှ သူသုသေသနအလုပ်မခံရသော်ငြား စမစ်က သူ့ကို အချိန်အတော်ကြာ ဆာလောင်နေပြီးမှ အသားတစ်ပိုင်း မြင်လိုက်ရတဲ့ ဝံပုလွေတစ်ကောင်လိုမျိုး ကြည့်နေလေသည်။

"မင်းရဲ့သွေးက လုံးဝပုံမှန်ပါပဲ ကိုယ်ခန္ဓာတစ်သျှူးတွေကလည်း ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေနဲ့ မကြုံထားပါဘူး။ ဘယ်လိုလုပ် မင်းက မြန်မြန်ဆန်ဆန်ကြီး ပြန်ကောင်းလာရတာလဲ?" စမစ် ဝမ်ကျန့်ရှန်းအား အစုန်အဆန်ကြည့်ကာ "မင်းက တကယ့်အံဩသင့်ဖွယ်ပဲဟေ့! မင်းသေသွားရင် ငါ မင်းအလောင်းကို ယူသွားလို့ရလားဟင်?"

"..."

စမစ် စကားပြောလို့ မဆုံးသေးခင် ငြိမ်ငြိမ်လေးထိုင်နေတဲ့ အရပ်ရှည်ရှည်လူက  နှာခေါင်းကိုပိတ်ထိုးကာ သူ့စကားကိုဖြတ်လိုက်သည်။ "ကျိုးဟူ မင်းသောက်ရူး!" စမစ် သူ့နှာခေါင်းကို အမြန်ကာလိုက်ပြီး သွေးတွေက လက်ချောင်းတွေကြားက စီးကျလာသည်။ "ငါ့‌နှာခေါင်းလေး!"

"အခုတော့ နှာခေါင်းပဲ၊ မင်း အဓိပ္ပာယ်မရှိတာတွေ ဆက်ပြောနေမယ်ဆိုရင်တော့ သခင်လေးပြန်ကောင်းလာရင် မင်းမှာအလောင်းပဲ ရှိနေစေရမယ်" ကျိုးဟူ ကုလားထိုင်ပေါ်သို့ မလှုပ်မယှက်ပြန်ထိုင်နေခဲ့သည်။

ဒေါက်တာစမစ်မှာ သောကရောက်၍ မခံမရပ်ဖြစ်စွာ အမြန်ထွက်သွားခဲ့တော့သည်။ ဒီဟာသပြဇာတ်ကို ကြည့်နေခဲ့တဲ့ ဝမ်ကျန့်ရှန်းက သူ့ဘေးက ကျိုးဟူကို ခေါင်းမောကာ ကြည့်ပြီး "အကိုကျိုး အဖေရောဟင်?" ပူပန်မှုတစ်စွန်းတစ်စက ကျိုးဟူရဲ့ မျက်ဝန်းထဲ၌ ဖြတ်ပြေးသွားပေမယ့် အဆုံးမှာတော့ ဘာမှမပြောဘဲ ခုံမှာပဲ ငြိမ်ငြိမ်ထိုင်နေခဲ့လေသည်။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now