Chapter 8

1.8K 290 12
                                    

ရှင်းကျစ်ဟုန်မျက်လုံးတွေက ရဲရဲနီနေခဲ့သည်။ 'ဟယ့်ရှင်း' ရုံးခန်းထဲထိုင်ရင်း သူ့မျက်နှာမှာ မလိုလားခြင်းများ ပြည့်နှက်နေလျက်။

သူတက္ကသိုလ်ကနေ ဘွဲ့ရခါစတုန်းက 'ဟယ့်ရှင်း'က အဆင်ပြေပြေတိုးတက်နေပေမယ့် ဒီနေ့အနေအထားလောက်အထိတော့ မဟုတ်ခဲ့ဘူး။ 'ဟယ့်ရှင်း'ရဲ့ လက်ရှိဖွံဖြိုးတိုးတက်မှုက သူနဲ့အများကြီးဆိုင်တယ်လို့ ပြောလို့ရပြီး 'ဟယ့်ရှင်း'ကို သူ မရေမတွက်နိုင်တဲ့ ခွန်အားတွေ စိုက်ထုတ်ထားခဲ့တာ။

အခုတော့ 'ဟယ့်ရှင်း'က လက်ပြောင်းရတော့မယ်။

ရှင်းကျစ်ဟုန် ကော်ဖီတစ်ငုံသောက်ကာ ပါးစပ်ထဲ ကော်ဖီရဲ့ ခါးသက်သက်အရသာကို ခံစားရင်း နောက်ဆုံးတော့ လှောင်ပြုံးပြုံးလိုက်တယ်။

ဖြစ်နိုင်ရင် သူအခုအရက်သောက်ချင်နေတာ ဆိုပေမယ့် ကံဆိုးစွာနဲ့ ကြမ်းတမ်းတဲ့တိုက်ပွဲကြီး နွှဲဖို့ကျန်သေးတော့ သူသောက်လို့မရဘူးပေါ့။

သူဘယ်လိုလုပ် ဒီအခြေအနေကို ရောက်သွားတာလဲ? ရှင်းကျစ်ဟုန် မသိစိတ်အရ ဘယ်ဘက်ခြမ်းကို ကြည့်မိတော့ ဘယ်သူမှရှိမနေတာကို ရှာတွေ့သွားကာ မျက်လုံးကို အုပ်ထားမိတယ်။

ချန်းရွေ့၊ သူနဲ့အမြဲရှိပေးတဲ့လူ၊ သူ့ကိုထားသွားခဲ့တာကြာပြီပဲ။

ချန်းရွေ့ရှိတုန်းက ကုမ္ပဏီမှာ အစစအရာရာအဆင်ပြေခဲ့ပြီး သူ့ဆွေမျိုးတွေကလည်း ဖိနှိပ်ခံထားရပေမယ့် ချန်းရွေ့က သူ့ဆီက မောင်းထုတ်ခံခဲ့ရတယ်။

ရန်းချီရဲ့ ပညာရေးဘွဲ့ဒီဂရီက မြင့်မား‌တယ်ဆိုပေမယ့် အ‌တွေ့အကြုံနည်းသေးတယ်။ သူအရောင်းဒါရိုက်တာဖြစ်လာတော့ သူ့အောက်ကလူတွေက သူ့ကို လုံးဝလက်မခံကြဘူး ပြီးတော့ စီးပွားရေးလည်း အများပြီး မလုပ်တတ်သေးဘူး။ သို့သော်ငြား သူကအရမ်းမာနကြီးဆဲဖြစ်ကာ တစ်ခြားလူတွေရဲ့ အမြင်တွေကိုလည်း နားမထောင်ဘူးလေ။ နောက် 'ဟယ့်ရှင်း' ပြဿနာဖြစ်တော့ သူရိုးရိုးလေးပဲ လမ်းလျှောက်ထွက်သွားတော့တာပဲ။

နောက်ပြီး သူ့ဆွေမျိုးတွေ… ချန်းရွေ့သူ့ကိုတစ်ကြိမ်မကပြောခဲ့တယ် ဒီလူတွေကို ဂရုစိုက်ပါဆိုပြီး၊ ဒါပေမယ့် ချန်းရွေ့က စိတ်ထားကျဉ်းမြောင်းလို့ ဒီလူတွေကို ရာထူးမြင့်တွေမှာ မထိုင်ခိုင်းတာလို့ သူထင်ခဲ့မိတယ်…

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now