Chapter 20

986 158 5
                                    

Chapter 20

ပေ့ကျွင်းဖုန်း တစ်ကိုယ်လုံး အေးစိမ့်လို့သွားခဲ့၏။

အားပေါင်က မိန်းမစိုးချုပ်ဖြစ်ပြီး စစ်ထူဟယ့်ရုန်နဲ့ ဆယ်စုနှစ်ကြာ အတူရှိလာခဲ့တာ သူ့ကိုယ်ပိုင်ဂုဏ်ကျက်သရေနဲ့ ကြွယ်ဝမှုတွေမပါဘဲ သူပြောတဲ့အရာတွေက အမှားမဟုတ်နိုင်ဘူး ပြီးတော့ အနုစိတ်လွန်းတဲ့ ဟိုဟိုဒီဒီများကြောင့် သူပို၍ ပို၍ စိတ်ပျက်လာခဲ့သည်။

သူနဲ့ စစ်ထူဟယ့်ရုန်က ဆယ်ကျော်သက်အရွယ်မှာ တွေ့ခဲ့ကြပြီး နှစ်ယောက်သားမှာ တူညီတဲ့ ရည်ရွယ်ချက်တွေရှိခဲ့ကြသည်။ သူတို့နှစ်ယောက်လုံး စစ်ပွဲကနေ ဒီတိုင်းပြည်ကို ကယ်တင်ချင်တယ်၊ ပြည်သူတွေကို ကျန်းမာပျော်ရွှင်‌‌အောင် လုပ်ပေးချင်တယ် ဒါကြောင့်ပဲ သဘာဝကျကျ သူတို့က ရင်းနှီးသထက် ရင်းနှီးလာခဲ့လေသည်။

သူကအစကတည်းက ယောက်ျားတွေကို စုံမက်ခဲ့တာဖြစ်သည်။ စစ်ထူဟယ့်ရုန်က နဂါးနဲ့ဇာမဏီဖြစ်လေတာကြောင့် အချိန်အကြာကြီး လေးစားသဘောမကျဘဲ မနေနိုင်ခဲ့ပေ။

ထိုအချိန်က သူက စစ်သူကြီး၏ သားတစ်ယောက်သာ ဆိုသော်ငြား စစ်ထူဟယ့်ရုန်ကတော့ မင်းသားတစ်ပါးဖြစ်လေ၏။ ထို့ကြောင့် ဘာအထင်မှားစရာအတွေးတွေမှ မတွေးဝံ့‌ခဲ့တာ နောက်ပိုင်း စစ်ထူဟယ့်ရုန်က သူ့ကိုဖွင့်ဟဝန်ခံပြီး အိပ်ရာပေါ်ဆွဲတင်သည့်အထိပင်။

စစ်ထူဟယ့်ရုန်က သူ့ကိုနှစ်သက်တယ်ပြောတော့ သူ့စိတ်နှလုံးသားထဲမှာ ဘဝင်ကျခဲ့လေ၏။ သူတစ်ခါငြိတွယ်သွားသည်နှင့် ပြန်မထွက်ခဲ့တော့။ ‌နောက်နှစ်များအတွင်း မြင်းကုန်နှီးပေါ်ရပ်၍ မရေမတွက်နိုင်သော လုပ်ကြံမှုများကို စစ်ထူဟယ့်ရုန်အတွက် တားဆီးပေးခဲ့ကာ သူအကြီးကျယ်အမြင့်မြတ်ဆုံးသော နေရာပေါ် ထိုင်နိုင်သည်အထိ သူနောက်ဆုံးအထိတိုင် စစ်ထူဟယ့်ရုန်ကို ကာကွယ်ပေးခဲ့၏။

စစ်ထူဟယ့်ရုန်က ဧကရာဇ်တစ်ပါး သူ့အရှင်သခင်၊ သူ စစ်ထူဟယ့်ရုန်ကို သူတစ်ဦးတည်းအပိုင်ဖြစ်ဖို့ ဘယ်တုန်းကမှ မမျှော်မှန်းထားပါချေ။ စစ်ထူဟယ့်ရုန် ဧကရီနဲ့ လက်ထက်တာကို သူကြည့်ခဲ့သည်၊ စစ်ထူဟယ့်ရုန်ရဲ့ အနောက်‌‌ဆောင်က ဆက်ခံသူတွေ မကြာမကြာ မွေးဖွားပေးနေတာကို သူကြည့်ခဲ့သည်။ သူက သူ့သိမ်နုတ်တဲ့အချစ်ကို မိန်းမမယူ ကိုယ်လုပ်တော်မထားဘဲ ခေါင်းမာစွာ ကာကွယ်စောင့်ကြပ်ထားချင်ရုံလေးပါ။

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now