[Extra: အနှစ်နှစ်ဆယ်ကြာပြီးနောက်ဝယ်: မင်းဆက်အပြောင်းအလဲ] Chapter 27

1.9K 202 9
                                    

ကော်ကျီသည် တော်ဝင်မြို့တော်တံတိုင်းရဲ့ အောက်တွင်ရပ်၍ နှုတ်ခမ်းတွင် ထေ့ငေါ့သည့် အပြုံးတစ်ခုဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

သူ့အမေနဲ့ ဒီမှာနေခဲ့သည့် သူငယ်ငယ်ကအချိန်ကို သူမှတ်မိပါသေးသည်။ ထိုအချိန်က သူ့အဖေက အဝေးမှာစစ်တိုက်နေကာ အဖေ့ပုံပန်းသဏ္ဍာန်ကိုပင် လုံးဝမမှတ်နိုင်တော့ပေ။ ထို့ကြောင့် အမြဲတမ်း သူနဲ့သူ့အမေက တစ်ယောက်အပေါ် တစ်ယောက် မှီခိုနေခဲ့ရသည်။

သူ့အမေအမြဲပြောတာက သူ့အဖေပြန်လာ‌သရွေ့ သူတို့ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ပြီတဲ့။ သို့ပေမယ့် သူ့အဖေက ဘယ်တော့မှပြန်မလာတော့ဘဲ သူနဲ့သူ့အမေလည်း နောက်ဆုံးမှာ အကျဉ်းထောင်ထဲ ထည့်ခံလိုက်ရလေသည်…..

ကံကောင်းစွာဖြင့် အမှန်တရားဘက်တော်သားအဖေက သူတို့အပေါ် အရှုံးမပေးခဲ့။ သူနဲ့ သူ့အမေ တဖြည်းဖြည်းချင်း မဟာတံတိုင်းအပြင်ဘက်ကို ပို့ဆောင်ခံလိုက်ရသော်ငြား ထိုအချိန်တွင်မူ သူ့အဖေဟာ ဆုံးပါးသွားခဲ့လေပြီ။

သူ့အဖေဆုံးကာ သူ့အ‌မေက နောက်သုံးနှစ်အကြာမှာ နောက်အိမ်ထောင်ပြုခဲ့သည်။ သူ့အမေ နောက်အိမ်ထောင်ပြုခဲ့တဲ့ယောက်ျားက သူ့ကို ကောင်းကောင်းမွန်မွန် ‌ဆက်ဆံပေမယ့် သူစွန့်ပစ်ခံရသလို ခံစားရဆဲသာ၊ သူ့မွေးစားအဖေ သူ့ကိုခေါ်မလာခင်အထိပေါ့။

သူ့မွေးစားအဖေက ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးပင်ဖြစ်သည်။ သူက ဆယ်နှစ်ကြာအောင် တပ်ကိုဦးဆောင်ပြီး ချီပြည်ထောင်၏ ငြိမ်းချမ်းရေးအတွက် တိုက်ခိုက်ခဲ့ပြီးနောက် သူ့ကိုယ်သူကရာဇ်မြှောက်ပြီး မဟာတံတိုင်းအပြင်ဘက်မှာ အနောက်မြောက်မြို့တော်ကို တည်ထောင်ခဲ့သည်။

ဒါက ကောင်းကင်ဘုံက နှစ်သက်ချီးမြှောက်ခံရတဲ့လူဆိုတာ သူသိခဲ့တာကြောင့် နတ်ဘုရားလိုချောမောတဲ့ရုပ်ရည်မျိုးကို မြင်ရမယ်လို့ ထင်ခဲ့ပေမယ့် တကယ်က မျက်နှာပေါ်မှာ အနာရွတ်နဲ့ အေးချမ်းပြီးညင်သာတဲ့ လူတစ်ယောက်ဖြစ်နေခဲ့လေသည်။

ဒါပေမယ့် ဒီလူကပဲ သူ့ဘဝကို ပြောင်းလဲပေးခဲ့တာဖြစ်သည်။

ကော်ကျီရဲ့အကြည့်က မြို့တံတိုင်းဆီ ပြန်ရောက်သွားခဲ့ပြီး သူ့အသာပြုံးလိုက်ပြီးနောက် လက်ကိုမြှောက်၍ "တိုက်!"

You've reached the end of published parts.

⏰ Last updated: Aug 07, 2023 ⏰

Add this story to your Library to get notified about new parts!

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now