Chapter 15

1.3K 225 3
                                    

ထန်ယုံရိ အိုးအိမ်တော် ကိစ္စတွေကို ဖြေရှင်းနေချိန်တွင် ထွက်သွားတာသိပ်မကြာသေးတဲ့ အိုးချင်းက အေးစက်နေတဲ့မျက်နှာက ဖြူလျော်ပြီး ပြန်လာတာကို သူမြင်လိုက်ရလေသည်။

"အိုးရှောက် ဘာလို့ကြာကြာမနားရတာလဲဗျာ?" ထန်ယုံရိ အိုးချင်းအမူအရာကို မြင်ပြီး စိတ်ပူစွာမေးခဲ့သည်။

"ငါမနားချင်လို့" အိုးချင်းပြောကာ သူ့မျက်လုံးများက လက်ပေါ်က ကျရောက်နေခဲ့၏။

ထန်‌ယုံရိ ခေါင်းငုံ့လိုက်ရင်ပဲ အိုးချင်းလက်ပေါ်က လက်စွပ်ကိုမြင်ပြီး ထိတ်လန့်မှုတစ်စွန်းတစ်စက သူ့မျက်နှာပေါ် ဖြတ်သွားခဲ့သည်။

အိုးချင်းက ထန်ယုံရိရဲ့ အမူအရာကို သတိမထားမိဘဲ ရုတ်တရတ်အသံနှိမ့်ကာ "ထန်ယုံရိ ငါက လူတွေမုန်းစေတဲ့ သံသယများပြီး ဘဝင်မြင့်နေတဲ့လူလို့ မင်းထင်လားဟင်?"

"အိုးရှောက် ခင်ဗျားက ဘယ်တုန်းကမှ မုန်းစရာမကောင်းပါဘူး!" တွေဝေမှုမရှိစွာ ပြောခဲ့သည်။

အိုးချင်း ထန်ယုံရိကိုကြည့်ကာ အကျည်းတန်တဲ့အပြုံးတစ်ခု ပြုံးပြကာ ရုတ်တရတ်ပြောခဲ့လေသည်။ "ရှောင်ရှန့်ကို နှိပ်စက်တဲ့ အဲဒီလူတွေအားလုံးကို သတ်ပစ်လိုက်"

"ဟုတ်ကဲ့ အိုးရှောက်" ထန်ယုံရိ လှည့်ကာထွက်သွားခဲ့သည်။ ထို့နောက် အိုးချင်းအသံကို ကြားခဲ့ရ၏ "သူများတွေကိုသတ်လို့ ဘာအသုံးဝင်မှာလဲ သူ့ကို အနှိပ်စက်ခဲ့ဆုံးလူက လုံးဝငါပဲကို..."

ထန်ယုံရိ ရုတ်တရတ် ထိတ်ပျာသွားပေမယ့် မကြာခင် အရင်အတိုင်းဖြစ်သွားခဲ့သည်။ အိုးချင်းကို စိတ်ပူစရာ ထပ်မရှ်ိတော့ချေ။

နှစ်ရက်လောက်အကြာမှာပဲ အိုးအိမ်တော်ရဲ့ ပြစ်မှုများ၏ သက်သေအမျိုးစုံက အင်တာနက်ပေါ်၌ ပေါ်လာခဲ့ပြီး ကျိုးအိမ်တော်ကို ဆန့်ကျင်တဲ့ မျက်မြင်သက်သေတစ်ချို့က ထောင့်ပေါင်းစုံကနေ ထွက်လာခဲ့သည်။ ရဲတွေ ဗြုန်းစားပေါ်လာရုံမက အိုးအိမ်တော်ကိုလည်း ဝိုင်းထားသေးသည်။

အိုးအိမ်‌တော် အခုလုပ်နေတာက တရားဝင်စီးပွားရေးပါ။ ဒီမတော်တဆမှု ဖြစ်သည်နှင့် ဝန်ထမ်းတွေအကုန်လုံး အိမ်ပြန်ကုန်ကြပြီး နောက်ကွယ်က လူတွေကတော့...

I Don't Love You Anymore 我不爱你了 ||ဘာသာပြန်||Where stories live. Discover now