(၁)

10K 234 10
                                    

Unicode........

🎶အဆောင်သူလေးရဲ့~သစ်စိမ်းချိုးတဲ့ သတင်းလေးပေါ့~~ကျွန်တော်ဟာ သတင်းစာဖတ်ရင်း ရုတ်တရပ်‌တွေ့လိုက်တော့~~ နှလုံးသွေး~ရပ်တန့်သွားအောင်~ လောကကြီးမှောက်ခုန်လှန်သွားပေါ့~~တဲ့~လောကကြီး~မှောက်ခုံလှန်သွား~ပေါ့~~~🎶

ဂီတာကို တီးကာ၊ခေါက်ခါနှင့်သီဆိုနေသော အသံသည် အုပ်စုဖွဲ့ဆိုနေခြင်းမို့ မြိုင်မြိုင်ဆိုင်ဆိုင်ထွက်ပေါ်‌နေလေသည်။ကြားရဆိုးသည်မဟုတ်၊နားထောင်ကောင်းသည်မဟုတ်သော အသံတို့အား ဂီတာသံက ရုပ်မပျက်အောင်ထိန်းထားလေသည်။အချိန်အားဖြင့် မနက်ခုနစ်နာရီ၊နေအလုံးစုံမထွက်သေးသည်တိုင်အောင် ပတ်ဝန်းကျင်ကိုအားမနာပါဘဲ သံပြိုင်ဟစ်နေမှုကြောင့် အိပ်ယာထက်က အဂျစ်ကိုယ်တော်သည် ဆူဆောင့်အောင့်နေလေပြီ။

"ဘောပဲ မအေဘေးတွေ အိပ်နေတာကို လူလိုနားမလည်ဘူး"

တစ်ပတ်မှာမှ ကျောင်းပိတ်ရက်က နှစ်ရက်တည်းရသည်။ကျန်တဲ့ရက်တွေက အစောကြီးထရသည်မို့ အိပ်ရေးမဝသည်ဖြစ်ရာ weekend လေးတွေမှာသာ အပြည့်အဝအိပ်ဖို့အားခဲထားသည်ကို အခုတော့နားပူလွန်းသည်မို့ ဘယ်လိုမှ အိပ်မရတော့။

အိပ်ယာပေါ်ကနေ ငေါက်ခနဲထထိုင်ကာ ကုတင်ကို လက်နဲ့တဗုန်းဗုန်းရိုက်ရင်း ဒေါသပုန်ထနေမိတော့ တစ်ဖက်ခန်းက ပါးပါးဆီက အသံထွက်လာလေသည်။

"ဟိုဘက်ခန်းကကောင်! စောစောစီးစီးဘာဖြစ်နေတာလဲ!၊ တဗုန်းဗုန်းနဲ့!"

အိပ်ရေးမဝလို့ စိတ်မကြည်ရသည့်အထဲ ပါးပါးဆီက အငေါက်ပါခံရတော့ စိတ်ကပိုလို့တိုလာသည်။ခြုံအိပ်ခဲ့သော စောင်ပါးကို ခေါက်ကာ ကုတင်ပေါ် ဖြစ်သလိုတင်ခဲ့လိုက်သည်။မျက်နှာမသစ်ရသေးပါဘဲ အိမ်အောက်ကို တဒုန်းဒုန်းနဲ့ပြေးဆင်းကာ အောက်ထပ်ရောက်သည်နှင့် အိမ်ရှိလူအားအသိပေးရန်မီးဖိုချောင်ဘက်လှည့်ကြည့်လိုက်သည်။သည်အချိန်ဆို မားက မီးဖိုခန်းထဲ ရှိနေတတ်တာမို့

"မား! ကျွန်တော် ဋိတ်(ဒိတ်)ဆီ သွားမလို့"

"ဟဲ့ ဟိုကောင်လေး သူများအိမ်ကို ‌စောစော...."

တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)Where stories live. Discover now