Unicode.......
အားအင်ပြည့်ဝဖို့ရာအတွက်သာ အိပ်စက်ပြီးနောက် နိုးထလာခဲ့ပေမယ့် အားအင်မပြည့်ဝဘဲ ယုတ်လျော့နေတဲ့ ကိုယ်ခံအားနှင့်အတူ စိတ်ထဲမှာပါ ပင်ပန်းနေမှု။လစ်ဟာနေတဲ့ ရင်တွင်းက သူအနက်ရှိုင်းဆုံး သိမ်းသွင်းထားခဲ့သည့် အဖိုးတန်သစ်ပင်လေးအား အမြစ်မှစ ဆွဲနှုတ်ယူသွားသလို အတွင်းထဲထိလှိုက်ကာ အားလုံးဟာ ဗလာ။
အရာအားလုံးက သူ့ပုံမှန်နဲ့သူ ဖြစ်နေခဲ့ပေမယ့် သူ့အတွက်တော့ နေထွက်လာတာ၊နေဝင်သွားတာက အစပျင်းစရာ၊အထီးကျန်စရာ။နေထွက်တော့လည်း ဝမ်းနည်းရသလို၊နေဝင်တော့လည်း အထီးကျန်ရသည်။နေ့တစ်နေ့၏ နံနက်ခင်းအစသည် မျက်ရည်တွေနဲ့သာ ဖြစ်နေခဲ့လျက်။နေ့တစ်နေ့၏အဆုံးသည်လည်း သက်ပြင်းချမှုများနှင့်သာ ဖြစ်နေခဲ့လျက်။
ဋိတ်ဟန်သာညီနဲ့ ရန်ဖြစ်လိုက်ရတာကို မပျော်ပါဘူး။အချင်းများလိုက်ရလို့ သူ့စိတ်တွေ ရွှင်မနေခဲ့ပါဘူး။ဋိတ်က သူ့ကိုလိမ်တယ်၊လှည့်ဖျားတယ် ဒါတွေကို သိခဲ့ပေမယ့် မမုန်းရက်ပါဘူး။ဋိတ်ဟန်သာညီဆိုတာ ဘယ်လိုလူမျိုးမို့လို့လဲ၊သူ့ပါးပါး၊မားမားတွေထက်တောင် ခင်တွယ်ရတဲ့သူ၊သံယောဇဉ်ရှိရတဲ့သူ၊တွယ်တာရတဲ့သူ။သူ့အပေါ်အကောင်းဆုံးသော အနွေးထွေးပေးဆုံးလူ၊စိတ်ညစ်တယ်လို့ ညည်းညူစရာမရှိအောင်ကို စိတ်ပျော်အောင်ထားပေးတဲ့သူ။
အဲ့လိုလူမျိုးကို နောက်ထပ်မတွေ့ချင်ဘူးပြောခဲ့တဲ့သူ ရူးနေတာ၊အသိစိတ်ကို ခြစားသွားတာ၊ဦးနှောက်ထဲ virusဝင်သွားခဲ့တာ။လိမ်လို့ စိတ်ဆိုးတယ်၊စိတ်နာတယ်ဆိုပေမယ့် သူ့အပေါ် တစ်လျှောက်လုံးကောင်းပေးခဲ့တာကို လျစ်လျူမရှုနိုင်ခဲ့ပါဘူး။အမှားတစ်ခုနဲ့ အရာအားလုံးကို မဖုံးလိုက်ချင်ခဲ့ဘူး။
ဋိတ်မသိအောင် ဋိတ်၏အိမ်နားကို ဝဲလည်နေခဲ့ပေမယ့် ဋိတ်ရှိမနေဘူး။ကျောင်းမှာမျှော်နေခဲ့ပေမယ့် ဋိတ်ကျောင်းမလာဘူး။ကုမ္ပဏီနားသွားပြန်တော့လည်း ဋိတ်မလာပါဘူးတဲ့။ဋိတ် ဘယ်ဆီကို ရောက်နေခဲ့သလဲ။ဋိတ် သူ့ကိုစိတ်ဆိုးနေတာလား၊စိတ်ခုသွားတာလား၊စိတ်နာသွားတာလား။အဆိုးဆုံးက စိတ်ပျက်သွားတာလား။
YOU ARE READING
တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)
Romanceဂျစ်ကန်ကန်ကောင်ဆိုးလေးတစ်ယောက်ရဲ့အကြောင်းပေါ့ >< Start date(31.5.2023) End date (14.1.2024)