(၂၇)

1.8K 90 8
                                    

Unicode........

"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းနံပါတ်မှာ လိုင်းမအားသေးပါသဖြင့်....."

Operator အမျိုးသမီးဆီမှ ဆက်တိုက်ကြားနေရသော အသံကြောင့် ရင့်၏ 'ဟင်း'ခနဲ သက်ပြင်းချ‌သံလေးသည်လည်း ထပ်မံခေါ်ဆိုထားသည့် တဒူဒူဖုန်းဝင်သံနဲ့အတူ လေးလံလွန်းလှစွာ ထွက်ပေါ်လာသည်။ရွှန်းဟူသည့် Contant ပိုင်ရှင်၏ဖုန်းနံပါတ်လေးအား ခေါ်ဆိုနေမိသည်မှာ မနက်(၅)နာရီလောက်ကတည်းက။ ဆက်တိုက်ပင်ခေါ်နေမိတာ အခုပဲ (၇)နာရီထိုးခဲ့ပြီမလို့ operatorကအမျိုးသမီးတောင် သူ့ကိုဆဲလို့ရရင် ဆဲတော့မှာအသေအချာပင်။

Block ထားတာသိရက်နဲ့ ခေါ်ဆိုနေမိတာကလည်း အရူးရင့်နေသလိုပါပင်။မသိတာလည်းမဟုတ်ပါဘဲ သူစိတ်ပြေရင် block ဖြည်ရင် ဖြည်ပေးလိုက်မှာဆိုသည့် ဖြည့်တွေးစိတ်နှင့် ကိုယ့်စိတ်ကိုညာနေခဲ့ပါသည်။

မဖြစ်နိုင်ပါဘူးဆိုတာသိရက်နဲ့၊သူ့ဘဝမှာ သူ့အတွက်အရေးပါတဲ့သူတွေက တစ်ခါထွက်သွားပြီးရင် တစ်သက်လုံးပြန်မလာတတ်တာ သိရက်နဲ့ ကောက်ရိုးမျှင်လို မျှော်လင့်ချက်ပါးပါးလေးနဲ့ ဆွဲထားချင်ခဲ့နေတာ။ဘာလုပ်ရမလဲလည်း တကယ် မတွေးတတ်ပါချေ။ငိုဖို့ပင် မျက်ရည်တောင်ထပ်မကျနိုင်တော့သည့်အပြင် သူ့မျက်လုံးတွေနာနေသည်။စပ်နေသည့်မျက်လုံးများအား ဖိပွတ်လိုက်သည့်အခါ ခပ်နွေးနွေးအရည်တွေက သူ့လက်ခုံပေါ်မှာကပ်ပါလာသည်။

"လူကြီးမင်း!...."

"ဟာကွာ! မောင်ဘာလုပ်မိလို့လဲ ရွှန်းရယ်"

ဖုန်းကိုကုတင်ပေါ် ပစ်ပေါက်လိုက်ကာ ဒူးနှစ်ဖက်ပေါ် မျက်နှာဝှက်ရင်း နာကျင်နေသည့် မျက်လုံးတွေကိုလည်း ဂရုမစိုက်မိတော့ဘဲ ထပ်ငိုမိသည့်အခါ သူ့မျက်လုံးတွေစပ်လွန်းလို့ နာကျင်မှုတွေက ဖော်ပြမတတ်ပါပင်။နှလုံးသားကလည်း နာကျင်လွန်းလို့ ချက်ချင်းပင် အသက်ရှူရပ်သွားစေချင်မိသည်။

"ကျစ်! ရင့်! ကလေး မငိုရဘူးလေ"

အခန်းထဲကို ဝင်လာသည့်ဋိတ်က ယူလာသည့် စားစရာဗန်းကို စားပွဲပေါ်တင်၍ ရင့်၏ခေါင်းကို ဖွဖွပုတ်ကာ ချော့လေသည်။ပါးပြင်ပေါ်က မျက်ရည်များကို ဖွဖွသုတ်ပေး၍

တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)Where stories live. Discover now