Unicode.......
"ဘာပြောတယ် ဘာပြောလိုက်တာ"
ရင့်မယုံနိုင်စွာ ပြန်မေးမိသည်။တစ်ညလုံး မိုတယ်ထဲ အတူရှိခဲ့ပြီးတော့မှ ပြတင်းပေါက်ကိုငုံ့ကြည့်နေတဲ့သူ(မ)က မျက်နှာငယ်နဲ့ပြောလာသည်က အဲ့လူတွေက ညီမကို လိုက်ရှာနေတဲ့လူတွေ မဟုတ်ဘူးတဲ့လား။
"ညက ညီမ ကြောက်နေတာနဲ့ သေချာမကြည့်လိုက်မိတာ တောင်းပန်ပါတယ် အစ်ကို"
ရင့်ဘာစကားမှ မပြောနိုင်တော့ချေ။အခုတော့ ရင့်မာန်သွေးက ညစ်တီးညစ်ပတ်စကားတွေပြောပြီး မိန်းကလေးတစ်ယောက်နဲ့ ညတိုင်းဖြတ်သန်းနေတဲ့ လူယုတ်မာ၊လူ့အပျက်အစီးလေးအဖြစ် မြင်သွားကြရောပေါ့။ခေါင်းကိုသာနာနာကုပ်မိတော့သည်။စိတ်ပျက်ဖွယ် သက်ပြင်းအခါခါချမိ၍
"နင့်လူတွေ လက်ကလည်းလွတ်ပြီဆိုတော့ ငါပြန်တော့မယ်"
'အဲ့လူတွေကလည်း ဘယ်သူ့နောက် လိုက်တာလည်းမသိ'ဟု တိုးဖွဖွရေရွတ်မိရင်းသာ ရင့်ခပ်တည်တည်ပဲ မိုတယ်ထဲက ထွက်လာတော့ သူတို့က ရင့်အား သေချာအကဲခတ်နေသည်။ရုပ်ဖြောင့်ဖြောင့်၊ကိုယ်တောင့်တောင့်ကောင်တွေက bodyguard လိုလို၊ဘာလိုလိုနှင့် suit အမဲတွေကို ဝတ်ထားသည်မို့ အူကြောင်ကြောင်တွေဟု ရေရွတ်မိကာ ရင့်ဂီတာလေးကို အပြေးလာရှာမိသည်။
"ဟူး တော်ပါသေး"
ချောင်ကျတဲ့နေရာမှာထားခဲ့သည်မလို့ ဘယ်သူမှမတွေ့၍လားမသိဟု ပြောချင်ပေမယ့် သူ့ခေါက်ဆွဲကြော်ထုတ်လေးကတော့ ဘယ်ရောက်သွားမှန်းမသိချေ။ခွေးချီသွားသည်ဟုပဲ ထင်လိုက်မိကာ များများစားစားမတွေးဘဲ အိမ်ပြန်လာလိုက်တော့သည်။အလုပ်သွားစရာရှိပေမယ့် စိတ်ညစ်စရာရှိသွားသည်မလို့ ဖုန်းဆက်ပြီးပဲ ခွင့်တိုင်လိုက်တော့သည်။
အိမ်ပြန်လာတော့ စုဝေးနေသည့် လူတွေကြောင့် ကြောင်သွားရသည်။လေးငုံတို့၊ယံဝေတို့ပါ ရောက်နေကြသည်မို့ ဘာပွဲများရှိလဲ တွေးမိတုန်း
"ဘာလုပ်နေကြတာလဲ"
"ညက ဘယ်ရောက်နေတာလဲ ဟေ့ကောင်"
"ဘယ်တွေသွားနေလဲ ညီရယ် တစ်ညလုံးပြန်မလာလို့စိတ်ပူလိုက်ရတာ"
YOU ARE READING
တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)
Lãng mạnဂျစ်ကန်ကန်ကောင်ဆိုးလေးတစ်ယောက်ရဲ့အကြောင်းပေါ့ >< Start date(31.5.2023) End date (14.1.2024)