(၇၁)

2.4K 111 50
                                    

Unicode..........

သည်နေ့၏မနက်ပိုင်းလေးတွင်တော့ ရင့်မာန်သွေးသည် အိပ်ဆေးအရှိန်နဲ့ကောင်းမွန်စွာအိပ်စက်နေလေသည်။ ပုံမှန်ဆို ဋိတ်ဟန်သာညီမလာသည့်ရက်တိုင်း အိပ်တစ်ဝက်၊နိုးတစ်ဝက်နှင့် ကောင်းကောင်းမွန်မွန်မအိပ်နိုင်ဘဲ အိပ်ယာထဲမှာသာ လှိမ့်နေတတ်သည့်ရင့်သည် အိပ်မပျော်တတ်ဘဲ ရှိလေသည်။ ယနေ့တွင်တော့ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်မှာ အိမ်မက်ကောင်းလေး မက်နေသည့် အလားပင်။

နေ့အလင်းရောင်သည် တဖြည်းဖြည်းနှင့် ပိုရောင်ခြည်ဖြာလာရာ လိုက်ကာဖွင့်ထားသော ရင့်၏ အခန်းထဲသို့ နွေးထွေးသော နေရောင်ပြပြလေး ဝင်ရောက်လာခဲ့လေသည်။ မနက်ခင်းရောင်ခြည်ပြပြလေးများသည် တစ်ညလုံးစိတ်မကြည်ဘဲ အိပ်စက်လိုက်ရသည့် ရင့်၏နှုတ်ခမ်းလေးများကို ပြုံးရိပ်ထင်စေသည်။ အိပ်မက်ကောင်းလေးတစ်ခုနှင့်အတူ လှပသောမနက်ခင်းလေးတစ်ခုသည် သာယာဖွယ်။

အိပ်ယာပေါ်မှာ ငုတ်တုတ်ထထိုင်ကာ အပျင်းကြောဆန့်လိုက်ပြီး ဆယ်မိနစ်လောက် ငူငူငိုင်ငိုင်လုပ်ပြီးကာမှ အိပ်ယာပေါ်ကဆင်းကာ ရေချိုးခန်းထဲဝင်သွားလေသည်။ မနက်သစ်ပြီးပြန်ထွက်လာသည့် ရင့်သည် ကုတင်ပေါ် ငုတ်တုတ်ပြန်ထိုင်နေသေးသည်။ ပြီးမှ ထမင်းချက်အဒေါ်ကြီးရောက်နေပြီလားသိချင်၍ အခန်းအပြင်ကို ထွက်ကြည့်လေသည်။

ထင်သည့်အတိုင်းပင် ထမင်းချက်အန်တီကြီးက ရောက်နေပြီး သူ့လုပ်စရာရှိတာကို လုပ်နေလေသည်။ ရင့်အတွက် မနက်စာလုပ်ပေးနေသော အန်တီကြီးက ခေါက်ဆွဲတွေကို ရေစစ်၍ ဘာတွေနဲ့နယ်နေမှန်းတော့ မသိချေ။

"ဘာလုပ်နေတာလဲ အန်တီ"

"သားအတွက် ဆီချက်ခေါက်ဆွဲလေ၊ အစက အဒေါ်က ရှမ်းခေါက်ဆွဲလုပ်ပေးမလို့၊ အလုပ်ရှင်ကောင်လေးက သားက ရန်ကုန်ရှမ်းခေါက်ဆွဲမကြိုက်ဘူးဆိုတာနဲ့ ဆီချက်ခေါက်ဆွဲပဲ လုပ်လိုက်တော့တာ၊"

ရင့်တစ်ချက်ပြုံးလိုက်မိသည်။ မနက်ခင်းမှာ ဘာမှမစားခင် အရင်ဗိုက်ဖြည့်နေကျဖြစ်သည့် ပဲနို့ဘူးကို ထုတ်ပြီးမှ စားပွဲပေါ်တင်ကာ ဖန်ခွက်ထဲငှဲ့၍ သောက်လိုက်သည်။ ထမင်းချက်အန်တီကြီးက သူ့အလုပ်သူဆက်လုပ်နေပြီး စကားအချို့ကိုဆက်ပြောသည်။

တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)Where stories live. Discover now