(၁၃)

2.2K 118 4
                                    

Unicode...

"အာ့"

"ဆောရီး"

တနင်္လာနေ့မလို့ 9တန်း‌ကျောင်းသားအကုန်လုံး assemblyစီဖို့ ဟောခန်းထဲသွားကာ နိုင်ငံတော်သီချင်းဆိုရန်အတွက် အခန်းထဲက အစီအရီတိုးထွက်နေကြလေသည်။ ဤသည်တွင် အရှေ့ပေါက်ကမထွက်ဘဲ ‌အနောက်ပေါက်က ထွက်လာသော ရွှန်းခေတ်နဒီသည်ခြေချော်ကာ အပေါက်ဝရောက်နေသည့် ရင့်ကိုလှမ်းဆွဲလေသည်။သို့သော်ငြား ဘယ်ကိုမှ မဆွဲမိဘဲ ကျောကုန်းကိုတွန်းလိုက်သလိုဖြစ်ရာ အရှေ့ကိုထိုးကျသောရင့်သည် အလန့်တကြားအော်လိုက်မိသည်။ထို့အပြင် ကြမ်းပြင်နဲ့လက်ထောက်ကျသောကြောင့် လက်ဖနောင့်တစ်လျှောက် အီစိမ့်ကာ နာကျင်သွားရသည်။

"ရင့်!"

လေးဖက်ထောက်ကျသွားသည့် ရင့်အားလက်မောင်းကနေ လှမ်းဆွဲထူလိုက်ကာ နီရဲသွားသော လက်နှစ်ဖက်ကို ဆွဲယူကြည့်မိသည်။ကျောက်စရစ်ခဲသေးသေးလေးတွေကြောင့် လက်ဖနောက်ပေါက်သွားသည်ကို တွေ့ရတော့ သူ့စိတ်တွေအမှောင်ဖုံးသွားရသည်။မိန်းကလေးသော ဘာသော သူမတွေးနိုင်ချေ။သူ့ကြောင့် နာကျင်သွားသည်ကိုပင် ပြီးစလွယ်တောင်းပန်သော ထိုကောင်မလေးအား

"ရွှန်းခေတ်နဒီ!"

ပုခုံးတစ်ဖက်ကို စောင့်တွန်းလိုက်ကာ ရိုက်ဖို့လက်ရွယ်လိုက်သည့်အခါ ရွှန်းခေတ်နဒီသည် ထိတ်လန့်သွားဟန် ကိုယ်ကိုကြုံ့ကာမျက်လုံးကိုစုံမှိတ်သွားသည်။ထိုပုံစံကြောင့်လည်း ဋိတ်၏လက်တွေက ရပ်တန့်မသွားပါချေ။

"အယ် ဋိတ်! ဋိတ်! စိတ်လျော့ စိတ်လျော့ ရွှန်းခေတ်နဒီနင်သွားတော့"

ပြဿနာမဖြစ်စေချင်၍ လက်ယပ်ကာ သွားတော့ဟု အမူအယာပြလိုက်သော်ငြား ရွှန်းခေတ်နဒီသည်

"ဒီနေ့လုပ်ရပ်ကို မှတ်ထား ဋိတ်ဟန်သာညီ"

အညှိုးကြီးသည့် မိန်းမသဖွယ် စူးစူးရဲရဲစိုက်ကြည့်သွားသည့် ရွှန်းခေတ်နဒီကြောင့် ဋိတ်နှင့်ရင့်တို့၏ မျက်ခုံးများသည် စုကြုံ့သွား‌လေသည်။

"ရူးနေတာလား မသိဘူး"

ရိုက်မိမှာဆိုး၍ ဋိတ်၏လက်ကိုဆွဲထားမိသည်ကို ဆွဲဖြုတ်လိုက်ရင်း စိတ်ရှုပ်စွာ ပင့်သပ်ရှိုက်မိသည်။ဘယ်လိုလူမျိုးတွေနဲ့ လာလာတွေ့နေလည်း မသိ။

တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)Where stories live. Discover now