Unicode.......
မနက်(၆)နာရီအတိထိုးသည်နှင့် ကြားနေရသည့် ကြက်တွန်သံကြောင့် လေးငုံ၏မျက်ဝန်းဖူးဖူးလေးသည် ပန်းငုံလေးတစ်ငုံ ပွင့်ဖူးလာသလို လန်းဆန်းစွာပွင့်လန်းလာလေသည်။ကြည်လင်နေသော မျက်ဝန်းအိမ်လေးကို ဝံ့ကြွားစွာအုံ့မိုးထားသော မျက်တောင်ရှည်ရှည်ကော့ကော့ကော့လေးများသည် ဒေါင်းအမြီးလေးဖြန့်ကျက်ထားသည့်နှယ် လှပလွန်းလှပြီး တစ်ဖျတ်၊နှစ်ဖျတ်လှုပ်ခတ်သွားပုံကအစ ဝံ့ကြွားစွာ လှပလွန်းလေသည်။
အေးချမ်းပြီး တိတ်ဆိတ်တဲ့နေရာတစ်ခုကို ရှာထားသည်မလို့ ဤနေရာလေး၏မနက်ပိုင်းသည် အမြဲလိုလိုအေးစိမ့်စိမ့်လေးဖြစ်နေတတ်သည်။အိမ်၏တစ်ဖက်ခြမ်းမှာက လယ်ကွင်းများသာရှိသည်မလို မြူတွေဝေပြီး လေအေးလေးများတိုက်ကာ ပတ်ဝန်းကျင်တစ်ခွင်ကို အေးချမ်းစေသည်။
လေးငုံသည် အမြင်များကို ရှင်းလင်းအောင် လက်ခုံနဲ့တစ်ချက်၊နှစ်ချက်ပွတ်လိုက်ပြီးသည်နှင့် သူ့၏လက်မောင်းလေးပေါ်မှာ ခေါင်းအုံးထားသည့် ဏေးအား ကိုယ်လေးတစ်ခြမ်းစောင်း၍ ကြည့်လိုက်သည်။မနက်မိုးလင်းလင်းချင်း မျက်စိနှစ်လုံးပွင့်သည်နှင့် မြင်ရသည် မျက်နှာကြည်ကြည်လေးက အဘယ်မျှလောက် စိတ်ကြည်နူးဖွယ်ကောင်းလိုက်ပါသည်လဲ။
ကြည်လင်နေသည့် အစ်ကို့၏မျက်နှာလေးက စိတ်ကိုဘယ်လောက်တောင်ကြည်နူးစေပါသည်လဲ။နူးညံ့အိစက်နေသည့် မျက်နှာပြင်ရဲရဲလေးသည် ထိတောင်မထိရက်စရာ။ထို့ကြောင့် လေးငုံသည် သူ့၏အစ်ကိုအား နဖူးပြင်လေးမှလွဲ၍ ဘယ်နေရာကိုမှ မနမ်းရက်သေးပါချေ။အခုလည်း နှစ်ခြိုက်စွာအိပ်ပျော်နေသည့် အစ်ကို့အား လည်ပင်းထိလုံအောင် ချည်စောင်ကြမ်းလေးကိုခြုံပေးလိုက်၍ နဖူးပြင်လေးကို ဖွဖွလေးအကြင်နာတို့ခြွေချမိသည်။လက်မောင်းပေါ်က ခေါင်းလေးကို ညင်ညင်သာသာဖွဖွလေးမလိုက်၍ လက်မောင်းကိုအသာလေးကြွလိုက်သည်။အစ်ကို့၏ခေါင်းကို ခေါင်းအုံးလေးပေါ် နေရာကျစွာတင်ပေးပြီးမှ လေးငုံအခန်းထဲကထွက်ခဲ့ပါတော့သည်။
မနက်အိပ်ယာနိုးသည်နှင့် လုပ်နေကျဖြစ်သည့် မျက်နှာသစ်ခြင်းနှင့်ရေချိုးခြင်းကို လုပ်ပြီးသည်နှင့် အလုပ်သွားရန် အနည်းငယ်မျှနွမ်းသော အဝတ်ကိုသာထုတ်ဝတ်လိုက်သည်။ပွဲရုံမှာ ကုန်ထမ်းတစ်ဦးသာဖြစ်သည်မလို့ အဝတ်သစ်တွေမလိုအပ်ပါချေ။အနည်းဆုံးတော့ ကြည့်ရမဆိုးစေရန်သာ ပြင်ဆင်ပြီး အစ်ကိုနှင့်သူ့အတွက်မနက်စာပြင်ရသည်။
YOU ARE READING
တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)
Romanceဂျစ်ကန်ကန်ကောင်ဆိုးလေးတစ်ယောက်ရဲ့အကြောင်းပေါ့ >< Start date(31.5.2023) End date (14.1.2024)