Unicode......
အခန်းထဲတွင် နူးနူးညံ့ညံ့လေပြည်လေးတွေနဲ့ အသက်ရှုသံညင်းညင်းလေးတွေသာထွက်ပေါ်နေ၏။လူနှစ်ယောက်ကတော့ စကားမပြောဘဲ ကိုယ်ပိုင်ဂီတာတစ်လက်ဆီနဲ့ ကျောခိုင်းကာ ဂီတာကြိုးလေးများကို တင်းလိုက်လျော့လိုက်နဲ့ လုပ်နေကြလျက်ရှိသည်။
"ရင့်"
အချိန်အတော်ကြာ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူမှာ ဋိတ်ဟန်သာညီပါပင်။ဘယ်လိုပဲ သူက စိတ်ဆိုး၊စိတ်ဆိုး ရင့်ကိုတော့ လျစ်လျူမရှုနိုင်ပေ။သူတစ်ခါမှ ရင့်ကိုစိတ်မဆိုးဖူး ဖြစ်တာမို့ ရင့်ကတော့ သူ့ကိုစကားတွေ ပလစ်ပလစ်ထိုင်ပြောရမှာ မရဲဘူးထင်ပါသည်။
"ဟင်"
"ရင့်ကိုယ်နဲ့ စကားမပြောချင်ဘူးလား"
"မင်းက စိတ်ဆိုးနေတာလေ အမှန်တော့ ငါ့ချောချင်ပါတယ် ဒါပေမယ့် မင်းက မုန့်မှမကြိုက်တာ"
သူ့မျက်လုံးကိုစေ့စေ့မကြည့်ဘဲ ဟိုလွှဲ၊သည်လွှဲအကြည့်လွှဲလျက်ပြောတာမို့ ဋိတ်အသံထွက်ကာ ဟက်ခနဲပင်ရယ်မိသည်။ဋိတ်ကို ကလေးလေးတွေလို မုန့်ကျွေးပြီး ကိုကို့ကိုစိတ်မကောက်နဲ့ဆိုပြီးလုပ်ချင်နေတာပဲ။
"ရင့်က ကလေးလေးဆိုတာသိပေမယ့် ကလေးလေးတွေထက် ရင့်က ပိုချစ်စရာကောင်းတယ် ကိုယ့်ကိုချော့ချင်တယ်ဆိုလည်း မျက်မှောင်ကုပ်ထားတာလေးကို နည်းနည်းလျော့"
လူကသာ ဋိတ်ကိုမကြည့်ပေမယ့် မျက်မှောင်ကတော့ ကုပ်ထားတာ စိမ်းဖန့်ဖန့်မျက်ခုံးတန်းလေးနှစ်ခုက ထိလုမတတ်ပင်။လက်ညိုးနဲ့ မျက်ခုံးနှစ်ခုကြားဖြေလျော့ပေးတော့ ဋိတ်ကိုကြည့်လာပြီး မျက်လုံးတွေကို စိုက်ကြည့်ကာ သေချာအကဲခတ်သည်။ဋိတ်က ပြုံးပြလိုက်တော့ သက်ပြင်းချတဲ့ ကလေးလေးက 'ဋိတ်ကတကယ်စိတ်ဆိုးပြေသွားပြီ'တဲ့လေ။
"ငါမနေ့က မေကြည်ရှင်းသန့်ကို တောင်းပန်ခဲ့တယ်"
"အင်း"
"သူကငါ့ကို စိတ်မဆိုးဘူး ခွင့်လွတ်ပါတယ်တဲ့ သူကအဲ့လိုပြောတော့ ငါ့ကိုငါတော်တော်ဆိုးနေတယ်ဆိုတာခံစားလိုက်ရတယ် အပြစ်အကြီးကြီးလုပ်ထားမိလို့ ငါတောင်းပန်ပြီးတာတောင် မေကြည်ရှင်းသန့်ပေါ်အားနာနေမိတုန်း"
YOU ARE READING
တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)
Romanceဂျစ်ကန်ကန်ကောင်ဆိုးလေးတစ်ယောက်ရဲ့အကြောင်းပေါ့ >< Start date(31.5.2023) End date (14.1.2024)