Unicode........
ပြိုးပြိုးပြက်ပြက်လက်နေသော ဖြူ၊နီ၊ပြာ၊ဝါမီးရောင်များကြားတွင် လူငယ်များသည် မြူးထူးစွာကခုန်နေကြလျက်။ ကြီးကျယ်လွန်းသော clubသည် လူကုန်ထံများသာ လာရောက်ကြသော club တစ်ခုဖြစ်ပြီး members card ပြပြီးသာ ဝင်ရောက်နိုင်သည်မလို့ အဆင့်အတန်းမြင့်လွန်းမှန်း သိသာလေသည်။ တော်ရုံအရှုပ်အရှင်းဆိုလည်း သိပ်မဖြစ်သည်မလို့ မြို့၏ နာမည်ကြီးclubတစ်ခုဟုဆိုရပေမည်။ထို့အပြင် ထိုclubသည် အေးချမ်းမင်းဟိန်းဖွင့်ထားသည့် club တစ်ခုပါပင်။
အပြင်ဘက်အပြင်အဆင်သည် အရောင်တလက်လက်နှင့် တင့်တယ်ပြီး အတွင်းဘက်အပြင်အဆင်သည် ခေတ်မှီသည်။ ထိုနည်းတူ ဆောက်လုပ်ထားသည့်ပုံစံသည် လျှို့ဝှက်လှသည်ဖြစ်ရာ ဤclub၌ လူလုံးဝမသိသော မြေအောက်ခန်းတစ်ခုရှိလေသည်။ ထိုထဲ၌ မူးယစ်ဆေးအချို့နှင့် လက်နက်အချို့ သိုလှောင်ထားလေသည်။ ထို့အပြင် လူတစ်ချို့သည်လည်း သတိအနေအထားနှင့်ရှိနေကြပြီး ဝါကျင်ကျင်မီးရောင်အောက်မှာ ကြိုးချည်ခံထားရသော လူတစ်ယောက်လည်းရှိလေသည်။ ထိုလူသည် မင်းဒီပါပင်ဖြစ်လေသည်။
"ဘယ်လိုလဲ အရမ်းတွေမှ ပျော်ရဲ့လား ဟန်လေး!"
"ဒါပေါ့ အရမ်းပျော်နေတာ ခင်ဗျားကိုကျွန်တော့်လက်နဲ့သတ်ရမှာမလို့လေ"
"ရင့်ဆိုတဲ့ ကောင်လေးရော အသက်မှရှိသေးရဲ့လား၊ သေသွားပြီလား"
"အဟွန်း အဲ့စကားက ခင်ဗျားအတွက်သီးသန့်ဖြစ်လာမှာ..... သူများကို နှိပ်စက်ရတာ သဘောကျတယ်မလား၊ ကျွန်တော်အဲ့နည်းကိုတစ်ခါမှတော့ မလုပ်ဖူးပေမယ့် ခင်ဗျားကိုလုပ်ရမှာဆိုတော့ စိတ်တော့ခုန်သား"
ထိုင်ခုံတစ်ခုံလာချပေးသည်ကြောင့် မင်းဒီပါ၏ ရှေ့မှာထိုင်ချလိုက်ပြီး ခြေထောက်တွေကိုချိတ်ကာ ဒူးပေါ်လက်နှစ်ဖက်ယှက်လိုက်သည်။မင်းဒီပါ၏မျက်နှာအား အေးစက်စွာကြည့်၍
"ကိုယ်တိုင်လုပ်ချင်ပေမယ့် ကျွန်တော့်လက်သနလို့ မထိချင်ဘူး"
အေးစက်လွန်းသောမျက်နှာ၊ ထီမထင်ဟန်အပြုံးတို့ကြောင့် မင်းဒီပါ၏မျက်နှာသည် ပျက်ယွင်းသွားလေသည်။ တစ်ပါးသောသူတွေထံမှ ကဲ့ရဲ့ရှုံ့ချသောစကားများသည် မင်းဒီပါအတွက် ဆိုးရွားလွန်းလှသော အိမ်မက်တွေအလားပင်။ ငယ်ဘဝက ကြမ်းတမ်းခဲ့လို့ လူတကာ၏ အဖိနှိပ်ခံ လူတန်းစားဖြစ်ခဲ့သည်မို့ သူ၏စိတ်သည် နာကျည်းချက်အချို့နှင့် ကြမ်းတမ်းရသည်ပင်။ လူတစ်ယောက်က ကယ်ခဲ့လို့သာ မင်းဒီပါဟူသည့် နာမရှိလာခဲ့ပြီး လူမွေးလူရောင်ပြောင်လာခဲ့သည်သာ။ အခုတော့ သည်လူလည်း သူ့ကိုမလိုတော့သည်က ဟန်လေးတို့ လက်ချက်ပါမည်ဆိုတာ သူကောင်းကောင်းသဘောပေါက်သည်။
YOU ARE READING
တိမ်စိုင်တွေလို လေနှင်ရာမျောခဲ့ပေမယ့်....(Completed)
Romanceဂျစ်ကန်ကန်ကောင်ဆိုးလေးတစ်ယောက်ရဲ့အကြောင်းပေါ့ >< Start date(31.5.2023) End date (14.1.2024)